"ဖေဖေ..."
Mr.Jeon လည်း မိမိကိုမကြည်ကြည့်ကြည့်လာတဲ့သားတော်မောင်ကြောင့်
"အခုမဟုတ်တော့ပါဘူး ..ရုပ်သိမ်းတယ်"
Tae ဒူးထောက်ရက်လေး Mr.Jeon ခြေထောက်နားတိုးသွားကာ လက်လေးနဲ့ဆွဲဖက်လိုက်ရင်း
"အာ့ဆို Jungkook ဖေဖေက သားတို့ကိုသဘောတူတယ်ပေါ့နော်..."
မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့ အစွမ်းကုန်ထုတ်သုံးထားတဲ့ Aigeo ကြောင့် Jungkook တောင်အံ့သြပြီးပါးစပ်အဟောင်းသားနဲ့ကြည့်နေရသည်အထိ
...တတ်လည်းတတ်နိုင်တယ် အဲ့ကလေး....
Mr.Jeon လည်း မိမိခြေထောက်ကိုဖက်ထားတဲ့သားရဲ့ကောင်လေးကိုကြည့်ပြီးအံ့သြနေတော့ ဟိုကောင်လေးက ဟီးခနဲရယ်ပြလာသည်...ငိုထားတဲ့မျက်နှာကြောင့် နှာခေါင်းဖျားလေးတွေရော မျက်ခွံလေးတွေပါရဲနေတဲ့ကြားက ရယ်ပြလာခြင်းပင်...
Mr.Jeon နားလည်သွားရသည်...ဒီကမ္ဘာမှာ သူ့သားပဲချစ်ဖို့အကောင်းဆုံးမှတ်နေတာ သူ့သားဟာလေးက ပိုချစ်စရာကောင်းပါ၏..ဒါကြောင့်လည်းသူ့သားက သည်းသည်းလှုပ်နေတာကိုး...
နေပါဦး အပြုံးလေးက လေးထောင့်ပုံစံလေးနဲ့
"အဲ့တာ ဘာအပြုံးတုန်း..."
Mr.Jeon လွှတ်ခနဲထွက်သွားခြင်းပင်....စိတ်ထဲကပြောနေတဲ့စကားက ဘယ်လိုလုပ်...တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်မိလိုက်ကြသည်...
Jeon အိမ်တော်ကတော့ Tae ဆိုတဲ့ကောင်လေးကြောင့်ရယ်သံတို့နဲ့အသက်ဝင်လာခဲ့ပါပြီ....
ယောက္ခထီးတောင် ချစ်သွားရတဲ့အပြုံးလေးနဲ့ကိုယ့်ကလေးက Aigeo ..🐯😘
18.3.2021
Unicode.....
Jungkook တို့ Jeon အိမ်တော်ထဲခြေချသည်နှင့် တဖျတ်ဖျတ်လက်လာသော camera များ..Jungkook အံ့သြသွားသလို Jungkook နောက်ကပါလာတဲ့ Tae ပါလန့်သွားရသည်...
အရင်နှစ်မွေးနေ့တွေဆို ဒီတိုင်းသားဖနှစ်ယောက်ရယ် Eunhan Hyg တို့သားမိနှစ်ယောက်ရယ်နဲ့ပဲ Dinner စားပြီးဖြတ်သန်းတာပဲဖြစ်သည်...ဖေဖေဘာတွေကြံနေပြီလည်းမသိ...
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-15
Start from the beginning
