".........."

"သား ကိစ္စတွေဆို စိတ်မဝင်စားတဲ့ဖေဖေက ဘာလို့အချစ်ရေးကိစ္စမှ လိုက်စွက်ဖက်နေတာလည်းဗျာ...သားတကယ်မပျော်ဘူး ဖေဖေလုပ်ချင်ရာတွေလုပ်နေတာ...သားပိုပြီးမမုန်းချင်ဘူး...အခု ကောင်လေးကြောင့်သားတကယ်ပျော်တယ်...သူ့ကိုတွေ့နေတာတောင်ပျော်တယ် ...ကျေးဇူးပြုပြီး သားအပျော်ကိုမဖျက်စီးပါနဲ့ သူနဲ့မခွဲပါနဲ့ဖေဖေ...ဒီခါ သားအဝေးဆုံးကိုထွက်သွားမှာ"

"မင်း..."

Tae ကတော့ငိုနေမိပြီပဲဖြစ်သည်...Jungkook မှာဒီလောက်ထိ ရင်ထဲနာကျင်နေခဲ့မှန်းသူမသိခဲ့ပေ...အမြဲခပ်တည်တည်နဲ့မို့ သူဒီလောက်အထီးကျန်နေခဲ့မှန်းမသိခဲ့ပေ....

Mr.Jeon သားကို သနားသွားရသည်...သူထင်ထားတာထက် သားကပိုဝမ်းနည်းတတ်တာကိုး...

"ဟိုကောင်လေး တိတ်စမ်း...ဘာလို့ငိုနေတာလည်း"

အရေးထဲဘေးနားက ကောင်လေးကတအင့်အင့်နဲ့ရယ်...Jungkook က မျက်ရည်တို့သုတ်ပေးတာမြင်လိုက်သည်...

"ဝမ်းနည်းလို့ပါ Jungkook ဖေဖေ...ကျွန်တော် မသိခဲ့ဘူး သူဒီလောက်အထီးကျန်ခဲ့ရမှန်း...အမြဲခပ်တည်တည်နဲ့ဆိုတော့ ရင်ထဲဒီလိုတွေခံစားနေရမှန်းမသိခဲ့ဘူးရယ် အဟင့်ဟင့်..ဘာမှလည်း မလုပ်ပေးနိုင်ဘူး..ဒီကြားထဲကျွန်တော့်ကိုလည်း စောင့်ရှောက်ထားရသေးတယ် ဟင့်..."

"သည်းငယ်ကလည်း အဲ့လိုမပြောပါနဲ့ ကိုယ်အလုပ်ပြန်တာနောက်ကျပေမယ့် သည်းငယ်အမြဲထမင်းစောင့်ကျွေးတယ်လေ ...မနက်စာလည်းအပြင်မှာစားတတ်တဲ့ကိုယ့်ကို အိမ်ထမင်းအိမ်ဟင်းပဲစားရအောင်အမြဲချက်ကျွေးနေတာကို ...ဘာမှမလုပ်ပေးနိုင်ဘူးလို့မပြောပါနဲ့"

Mr.Jeon အရှေ့ကနှစ်ယောက်ကိုအမြင်ကပ်နေရပြီဖြစ်သည်...

"ဟေ့ သွားသွား ဟိုကလေးငိုမနေနဲ့..."

"ငိုမှာပဲ Jungkook ဖေဖေပဲ ...ငါ့သားနားကပ်ရဲကပ်ကြည့် တစစီလုပ်ပစ်မယ် လို့ လာပြောသွားတာကို .."

"ဘာ...အဲ့နေ့ကမေးတော့ ဒါမပါပါဘူး ကိုယ့်ကိုပြောပြတဲ့အထဲ..."

"ကြောက်လို့ အကုန်ပြန်ပြောရဲပါ့မလား ကိုကိုရဲ့ စဉ်းစားလေ.."

💜 I'm Your' Fan 💜(Completed)Where stories live. Discover now