မောင့်ဘေးနားက ကောင်လေးကိုကြည့်တော့ အဖြူရောင်ဝတ်စုံနဲ့ ပွဲထဲမှာထင်းလင်းနေသည်...ရင်ဘတ်ကပန်းပွင့်ပုံရင်ထိုးနဲ့အဲ့ကောင်လေးဘေးမှာမှ မောင့်ရင်ဘတ်က လိပ်ပြာပုံရင်ထိုး...

မောင်သိပ်ကိုတရားလွန်းပါတယ်...ဒီလိုနည်းနဲ့သူမကိုအပြတ်ငြင်းလိုက်တာ...သူမလည်းအဖြူရောင်ဝတ်ထားပေယ့် မောင့်သတို့သမီးဖြစ်မလာခဲ့တော့ပေ..အဖြူရောင်ဝတ်ထားတာချင်းတူတူကို အစပေါင်းများစွာတောက်ပနေတဲ့ မောင့်ဘေးနားကကောင်လေးကိုမုန်းတီးစွာကြည့်မိသည်...

မောင့်ကိုဒီတိုင်းတော့အေးဆေးပေးမနေနိုင်ပါ....

Jungkook လှည့်ထွက်သွားတဲ့ Soyoon ကိုမြင်တော့ စိတ်မကောင်းဖြစ်မိပေမယ့် ဘေးနားကသည်းငယ်ကိုကြည့်ကာ ပြုံးပြလိုက်ရင်း

"ကိုယ့်အပိုင်လေး...မြန်မာကောင်လေးက"

ရှက်ကာခေါင်းငုံ့သွားတဲ့ကောင်လေးကို လူတွေကြားထဲမှာသာမဟုတ်ရင် အနမ်းတို့ခြွေမိဦးမှာပါ...

.............................

"ခွပ်...."

လည်ထွက်သွားတဲ့မျက်နှာက နည်းနည်းမှ နာကျင်ဟန်မတူ..

"မင်းက ဒီလိုအရှက်ခွဲပြီးကျေးဇူးဆပ်လိုက်တာပေါ့လေ ဖခင်ကို"

"သူ့ကိုမလုပ်ပါနဲ့ Jungkook ဖေဖေ"

"ဟေ့ မင်းတိတ်တိတ်နေစမ်း "

Tae ပါးစပ်လေးပိတ်သွားရပေမယ့် Jungkook ကတော့ကြမ်းပြင်ကိုသာစိုက်ကြည့်နေသည်...

အခုအနေအထားက နှစ်ယောက်လုံး Mr.Jeon ရှေ့မှာ ဒူးထောက်ရက်သား...

"ပြောလေ ဟေ့ကောင်...ပြောစရာမရှိတော့ဘူးလား"

"ဖေဖေ့ကို ပိုမုန်းတယ်"

"ဘာကွ..."

"သားပြောမယ်...ငယ်ကတည်းက သားမှာ ဖေဖေပဲရှိတာ ဖေဖေသိရဲ့နဲ့ သားကို အဆိုတော်ဖြစ်ချင်ရမလားဆိုပြီး လျစ်လျူရှုခဲ့တာ..ငယ်ကတည်းကရင်း သားကိုဖေဖေဂရုစိုက်လို့လား..."

"Jungkook မင်း..."

"ဖေဖေ သဘောမတူလို့ သားဒီအခြေအနေရောက်အောင် ဘယ်လောက်ခက်ခဲခဲ့လည်း...သားခြေထောက်ပေါ်သားရပ်တည်ခဲ့တာ...အခုလို ဖေဖေ့သားအဖြစ်မော်ကြွားမနေချင်ခဲ့ဘူး...သူများတွေက Sky Group ရဲ့သားမို့ အောင်မြင်တာပါကွာလို့သားအရည်အချင်းကိုအထင်သေးမခံချင်ဘူး...အခုတော့ ဖေဖေသားသဘောကိုမမေးဘဲ ထုတ်ပြောတယ်..."

💜 I'm Your' Fan 💜(Completed)Onde histórias criam vida. Descubra agora