"Jungkook..."

Tae လက်ကိုဆွဲကာမြှောက်ရင်း ကြေငြာလိုက်တော့ အားလုံးမယုံနိုင်သလို တအံ့တသြတွေဖြစ်ကုန်ကြသည်...

"Jungkook.."

Tae ခေါ်တာကိုသူမကြားသလိုလုပ်နေသည်...

"ကျွန်တော့်ကို အံ့သြသွားကြမှာပေါ့နော်...လိင်တူချင်းချစ်တယ်ဆိုပြီးလည်းအထင်သေးကြမှာပေါ့..ဒါပေမယ့် အချစ်မှာ ကျားမမခွဲပါဘူး..ကျွန်တော်ချစ်မိတာ ယောကျာ်းလေးဆိုပေမယ့် ကျွန်တော်က ယောကျာ်းတိုင်းကိုမချစ်ပါဘူး ...

ကျွန်တော်သည်းငယ်အတွက်ပဲ ကွက် Gay နေတာပါ..အဲ့လိုပဲ ကျွန်တော့်သည်းငယ်ကလည်း ကျွန်တော့်အတွက်ပဲ ကွက် Gay တာပါ...ဘာလို့အခုလိုပြောရလည်းဆိုတော့ နောက်ကွယ်မှာ Gay လို့လှောင်ပြောင်မှာသိပါတယ်..ဒါပေမယ့် သည်းငယ်ကလွဲရင် ဘယ်ယောကျာ်းကိုမှ မကြိုက်ပါဘူး...

အချစ်က ဘယ်သူ့ကိုမဆိုချစ်မိနိုင်ပါတယ်...ယောကျာ်းလေးချင်းချစ်တာပဲဖြစ်ဖြစ်...မိန်းကလေးချင်းချစ်တာပဲဖြစ်ဖြစ်..တစ်ယောက်ကိုတစ်ယောက်တကယ်ချစ်တယ် ပြီးတော့ အဲ့ဒီအချစ်အတွက်နှစ်ယောက်လုံးကပျော်ရွှင်တယ်ဆိုရင် ဘာလို့ကန့်ကွက်နေကြမှာလည်း...

ကျွန်တော်ကတော့ ဘဝမှာတစ်ခါမှမခံစားရဖူးတဲ့ ပျော်ရွှင်ခြင်းတွေ သည်းငယ်နဲ့ကျမှပိုင်ဆိုင်ခဲ့ရပါပြီ...ကျွန်တော့်ဖေဖေအတွက် ချစ်စရာကောင်းတဲ့ သားသမက်လေးက ကျွန်တော့်လက်ဆောင်ပါ..."

Tae သူ့ကိုပိုပြီးလေးစားချစ်ခင်ရပါတယ်...သူ့စကားနဲ့သူ့စိတ်ထားလေးက လိင်တူချစ်သူတွေအတွက်အားတက်စရာပါပဲ..သူပြောသလိုပါပဲ Jungkook မလို့ကိုချစ်တာပါ...ဒီလူကိုရွေးချယ်ရလို့ Tae ကိုသိပ်ချစ်တဲ့သူကိုရွေးချယ်ရလို့ တကယ်ကိုတော်သေးတာပေါ့...Tae လက်ကိုတင်းကျပ်စွာဆုပ်ကိုင်ထားတဲ့ Jungkook အတွက်ဒီအခြေအနေဟာမလွယ်မှန်းသိပေမယ့် Tae သူ့အားအင်အဖြစ်ရှိနေပေးမှာပါ...

Mr.Jeon မှာမမျှော်လင့်ထားတဲ့ကိစ္စမို့ ဘာမှတောင်မပြောနိုင်...နေရာမှာတင်တောင့်တောင့်ကြီးဖြစ်သွားရသည်...

Lee Soyoon မှာလည်း ဂါဝန်အနားစကိုဆွဲကာ အံကြိတ်ထားမိသည်...မောင်ကသူမမဟုတ်တဲ့သူကို တရားဝင်ကြေငြာလိုက်တာ...

💜 I'm Your' Fan 💜(Completed)Donde viven las historias. Descúbrelo ahora