"Jung...အင့်..."
Jungkook က Tae ခါးကနေပွေ့ကာ သူ့ရင်ခွင်ထဲဆွဲရင်း Tae နှုတ်ခမ်းလေးတွေကို ဖိကပ်နမ်းရှိုက်လာသည်...ခနအကြာလွှတ်ပေးရင်း
"ကိုယ် နမ်းလို့ရတယ်မလားဟင်.."
နမ်းပြီးမှခွင့်တောင်းတဲ့ Jungkook ပါ..Tae ရန်လုပ်မလို့ ပြင်လိုက်စဉ်
"အိုး Jungkook ဘာလုပ်တာလည်း.."
Tae တစ်ကိုယ်လုံးကိုပွေ့ပြီး ကားရှေ့ခေါင်းပေါ် Tae ကိုထိုင်ခိုင်းကာ သူကကျ Tae ခြေထောက်တွေကြားနေရာယူရင်း Tae မျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်ကိုင်ကာ နှုတ်ခမ်းသားလေးတွေကို အငမ်းမရစုပ်နမ်းလာခဲ့သည်...
နူးညံ့တဲ့ Jungkook အနမ်းတွေကြောင့် Tae သူ့ရင်ဘတ်ကို ဆုပ်ကိုင်ထားမိသည်အထိပင်...Jungkook က သိပ်နမ်းတတ်ပါသည်..Tae မနေတတ်တဲ့အထိပင်..နူးညံ့ပေမယ့် နက်ရှိုင်းတဲ့အနမ်းတွေကြား အသက်ရှုတောင်မဝချင်...
Tae နှုတ်ခမ်းလေးတွေ အရည်ပျော်မှာတောင်စိုးရသည်...Jungkook ဆီကရတဲ့ ယောကျာ်းဆန်တဲ့ရေမွှေးနံ့ရောနေတဲ့ကိုယ်သင်းနံ့ကို Tae မေ့မှာမဟုတ်တော့...ပတ်ဝန်းကျင်မှာတောင် Jungkook နမ်းနေတဲ့အသံတွေထွက်ပေါ်နေတာကြောင့် Tae ရှက်လှပြီ...
Jungkook နမ်းနေရင်း လုံးဝလွှတ်မပေးချင်ပေ...နှုတ်ခမ်းသားလေးတွေရဲ့နူးညံ့မှုကြောင့် ဖွဖွလေးကိုက်လိုက် စုပ်ယူလိုက်နဲ့ စိတ်ကြိုက်နမ်းနေမိသည်...ချစ်ရသူဆီက စတော်ဘယ်ရီကိုယ်သင်းနံ့လေးကိုလည်း မြတ်နိုးစွာမွှေးကြူမိသည်...ဖြစ်နိုင်ရင်တစ်ကိုယ်လုံး ဘယ်သူမှမတွေ့အောင်ဖွက်ထားချင်သည်..Jungkook အပိုင်လို့သိစေချင်သည်...
"ပြွတ်..."
ရင်ဘတ်အားထုရိုက်နေသောလက်သီးဆုပ်လေးတွေကြောင့် အောက်နှုတ်ခမ်းလေးကို ကိုက်ဆွဲကာ ပြွတ်ခနဲအဆုံးသတ်စုပ်ယူရင်း လွှတ်ပေးမိတော့ ရင်ခွင်ထဲမှာ မောဟိုက်စွာ နှုတ်ခမ်းလေးဖွင့်ဟပြီးအနားယူနေတဲ့ သည်းငယ်လေး...
"ချစ်တယ်..."
"တအားနမ်းတာပဲ ...အကျီတွေတောင်ကြေကုန်ပြီထင်တယ်..."
Jungkook ရဲ့ချစ်စကားကိုမသိကျိုးကျွန်ပြုကာ နှုတ်ခမ်းလေးဆူပြီးအပြစ်တင်သံလေးထွက်လာသည်...
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-14
Start from the beginning
