"ဟိုလေ Jungkook..."
"........"
"Jungkook ဖေဖေရှေ့ကျရင်လေ..ကျွန်တော့်ကို အဲ့လိုမခေါ်နဲ့နော်..."
Jungkook ပြုံးလိုက်ကာ
"မရပါဘူး ကိုယ့်သဘောပဲ..."
"Jungkook ကလည်း...Jungkook နဲ့က..."
"သိတယ် ချစ်သူတွေမှမဟုတ်တာလို့ပြောမလို့မလား...ကိစ္စမရှိဘူး ကိုယ်ချစ်နေရင်ရပြီ..သည်းငယ်ဆီကအဖြေမလိုတော့ဘူး"
"ဟင်..."
"အဝတ်လဲထားလိုက်နော်..."
ပြောချင်ရာပြောပြီးထွက်သွားတဲ့ Jungkook ရယ်ပါ...တစ်ခါတစ်လေ အဲ့ဒီ Jungkook က တဇွတ်ထိုးပါဆို...
Tae ဝတ်ကြည့်တော့ အနောက်တိုင်းဝတ်စုံဖြူလွှလွှက Tae ကိုယ်လေးနဲ့ကွက်တိ...ရင်ဘတ်က ပန်းပွင့်ပုံစိန်စီထားတဲ့ရင်ထိုးလေးက ကြည့်တာနဲ့ တန်ဖိုးကြီးမှန်းသိသာသည်...ကြောက်မိပေမယ့် Jungkook လည်းရှိနေမှာမို့ အားတော့ရှိပါသည်...
................
"Yoon စီစဉ်ထားပြီးပြီ ဦးလေး Jeon.."
"အင်း သားမသိဘူးမလား...သတင်းထောက်တွေခေါ်ထားတာကို"
"ဟုတ်မသိဘူး..သူကအလုပ်များတဲ့သူမလား ဒီလောက်ထိအသေးစိတ်အာရုံစိုက်နိုင်မှာမဟုတ်ဘူး"
"ကောင်းပါပြီ ညကျရင်အလှဆုံးဝတ်လာခဲ့နော်သမီး...Sky Group ရဲ့ချွေးမက အလှဆုံးဖြစ်နေရမှာပေါ့..."
"ဟုတ်ကဲ့ ဦးလေး Jeon..."
.................
"ဟဲ့ Kookie ပုံအသစ်တင်ထားတာလေ အဲ့တာက ဘယ်သူ့ကိုပြောတာလည်းမသိဘူးကမရယ်..ငါရင်တုန်လိုက်တာ..ငါ့ကလေးက အဲ့လိုလက်ပတ်လေးကို တရေးတယူတင်ရတဲ့အထိ...တကယ်ပဲဘယ်သူ့ဆီကလက်ဆောင်ရလို့လည်းဟယ်..."
"အာ နင်တို့ကလည်း လျှောက်စိုးရိမ်မနေပါနဲ့...ရင်းနှီးတဲ့သူငယ်ချင်းဆီကရလို့နေမှာပေါ့..ငါတို့ Kookie က ရည်းစားရှိစရာလား"
"စဉ်းစားလေ ရင်တုန်လေပဲဟာ လန့်မိတယ်..အသည်းလည်းမကွဲချင်ဘူး...Kookie ကိုလည်းဘယ်သူ့မှမပေးနိုင်ဘူး.."
"ငိုမိတော့မယ်"
"အဲ့တာ ဘယ်သူပေးတာတဲ့လဲ"
"ဘယ်သူ့ဆီကလည်း..."
"ဟင့်အင်း မရဘူးနော် အိုပါး...ရည်းစားမထားရဘူး"
"အထင်မလွဲပါနဲ့ တကယ်တော့ အဲ့လက်ပတ်ပေးထားတာကျွန်မပါ"
Tae Jungkook ပုံအောက်က comment တွေကိုဖတ်ပြီး သက်ပျင်းလေးတွေသာချမိသည်...သူဘာရည်ရွယ်ချက်နဲ့ တင်တာတဲ့လဲ...အခုတော့ သူ့ Fan တွေပွက်လောရိုက်ကုန်ပြီ...
......................
Jungkook ခနနေ ခြေမချတာကြာတဲ့ Jungkook မွေးဖွားရာအိမ်ကြီးဆီသွားရတော့မှာမို့ စိတ်ကိုပြင်ဆင်ထားမိသည်.. ဒီနေ့ ဖေဖေ့ကို သည်းငယ်နဲ့တရားဝင်မိတ်ဆက်ပေးဖို့ပင် ..မွေးနေ့လက်ဆောင်က သားမက်လေးရမယ်လို့ ဖေဖေထင်ထားပါ့မလားလေ...
ကိုယ့်ဘာကိုယ်ရေးရင်း ရင်လည်းတုန်တယ် Reader လေးတွေလည်းခွင့်လွှတ်ကျပါလို့ Fic က Fic ပါပဲနော် ....ကိုယ်ကတော့ Taekook ပဲယုံပါတယ်လို့ Kookie အရိတ်အမြွက်လုပ်ရင်တောင် Tae နဲ့ပတ်သက်တာပဲဖြစ်မှာပါ...
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-13
Start from the beginning
