တစ်ယောက်တည်းလျှောက်တွေးပြီး ငြင်းနေတာဖြစ်နိုင်တယ် သည်းငယ်က...Jungkook မူးနေပေမယ့် ph ထဲက ကောင်လေးပုံလေးတွေကိုကြည့်မိသည်...အိပ်ပျော်နေတုန်းရိုက်ထားတာ Camera မပါလို့ ph ထဲရိုက်ထားမိတာ...
ကောင်လေးပုံ သုံးပုံ...ကြည့်နေရင်းကိုချစ်နေရသည်...ရူးတော့မှာပဲ...ရုတ်တရက် ကောင်လေးဝတ်ပေးတဲ့လက်ပတ်ကိုရိုက်ထားတဲ့ပုံလေး...Jungkook အသားဖြူဖြူပေါ်မှာ လက်ပတ်လေးက ထင်းနေတာကြောင့် ရိုက်ထားမိတဲ့ပုံပါ ဘာရယ်မဟုတ် ကိုယ်ချစ်ရတဲ့သူဆီက ပထမဆုံးလက်ခံရရှိတဲ့ပစ္စည်းလေး...
Jungkook ပြုံးလိုက်ရင်း Social မှာ ပုံမတင်တာ ၉ လကျော်ခဲ့ပြီမလား...Status တစ်ခုနဲ့ လက်ပတ်ပုံလေးကိုတင်လိုက်မိသည်...
(처음 선물 🐯)
ပထမဆုံးလက်ဆောင်
Jungkook ပျော်နေမိသည်...သူ့စိတ်ထဲရှိတဲ့အတိုင်းလုပ်မိတာကြောင့် တကယ်ပျော်ရပါသည်....
......................
ကမ်းခြေကနေပြန်လာပြီးကတည်းက Jungkook နဲ့မတွေ့အောင် Tae အတတ်နိုင်ဆုံးရှောင်နေမိသည်...Jungkook လည်းအခုတလော အလုပ်ရှုတ်နေပုံရသည်..မနက်စာတောင်မစား..ပြန်လာလျှင်လည်းညဉ့်နက်မှဆိုတော့ တကူးတကအခန်းထိလာမတွေ့လျှင် ၂ ယောက်သားတွေ့ဖြစ်ဖို့မလွယ်ကူပေ..
ဒေါက်ဒေါက်...
Tae တံခါးဖွင့်တော့ တံခါးရှေ့မှာ Jungkook
"သည်းငယ်..."
Tae ရင်ခုန်သွားမိသည် ..သူအဲ့အခေါ်အဝေါ်ကိုပြောင်းဖို့အစီအစဉ်မရှိတော့ဘူးလားမသိ...
"ဘာ..ဘာလဲ.."
"ရော့"
Tae လက်ထဲပါကင်ဘူးကြီးတစ်ခုထိုးပေးလာကာ
"ညကျရင် ဖေဖေ့မွေးနေ့လေ အဲ့တာ သည်းငယ်ကိုပါခေါ်ခဲ့လို့ပြောလို့"
"ဟင်..."
Tae လန့်သွားမိသည်...ဒါကောင်းတဲ့ကိစ္စတော့မဟုတ်...
"မလိုက်လို့..."
"မရဘူး...ကိုယ်ပြောစရာလည်းရှိလို့..လိုက်မှရမှာ"
Jungkook မျက်နှာလေးနွမ်းနေသော ကောင်လေးကိုကြည့်ကာ အားမရပေ...စိတ်ချပါ ဘာတွေပဲဖြစ်လာဖြစ်လာ သည်းငယ်ကို သူစောင့်ရှောက်မှာ...ဖေဖေ့ကိုတစ်ခါတည်းအသိပေးစရာလည်းရှိသည်...
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-13
Start from the beginning
