"ဟင့်အင်း..."

"သည်းငယ်..."

Jungkook ကောင်လေးမျက်ဝန်းလေးတွေကိုကြည့်ပြီး မချင့်မရဲဖြစ်မိသည်...အမြဲတမ်းတည်ငြိမ်နေတတ်တဲ့မျက်ဝန်းလေးတွေကအခု တလှုပ်လှုပ်နဲ့ လိမ်ညာနေတာကို ဟန်ဆောင်ဖုံးကွယ်နေပုံရသည်...

"ရပါတယ် ကိုယ်အတင်းအကျပ်မလုပ်ဘူး...အချိန်တွေရှိပါသေးတယ် ....သေချာစဉ်းစားပါ...အခုလို ကိုယ်ချစ်ရေးဆိုတဲ့ကိစ္စကြောင့် သည်းငယ်အနေခက်တာမျိုးမလိုချင်ဘူး...ညနေပြန်မှာမို့ နားလိုက်ဦး"

ပြောချင်ရာပြောပြီးထွက်သွားတဲ့ Jungkook ကျောပြင်ကိုကြည့်ကာ Tae အောက်နှုတ်ခမ်းလေးကိုဖိကိုက်ရင်း ငိုချင်တဲ့စိတ်ကိုထိန်းနေမိသည်...ချစ်ချင်ပါတယ် ပွင့်ပွင့်လင်းလင်း ဒါပေမယ့် သူကကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်းတောင်သေချာမသိတဲ့အခြေအနေမလား...

Jungkook ကိုချစ်တယ်ဖြေပြီး Jungkook ကိုမေ့သွားတဲ့အခါ အငြင်းခံရတာထက် Jungkook ပိုခံစားရမှာ...ခံစားရင်တောင် Tae ပဲခံစားပါမည်...အနည်းဆုံးတော့ Tae ကို Jungkook ချစ်တယ်ဆိုတာ သိရပြီမို့...

....................

Jungkook Hotel မပြန်ပဲ ဘားမှာသောက်နေမိသည်...ကောင်လေးကိုပြန်မှဝင်ခေါ်မှာမို့ ကောင်လေးဆီကထွက်လာကတည်းက လူကပေါက်ကွဲချင်နေတာပဲဖြစ်သည်...ဘားမှာဖွင့်ထားတဲ့ သီချင်းကသူ့သီချင်း...

"အဟက်..."

ခြောက်ကပ်ကပ်ရယ်မောမိသည်...Idol ဖြစ်နေတော့ရော ဘာပျော်ရလို့လည်း...လိုချင်တဲ့အချစ်ကိုရလို့လား...ကောင်လေးက မချစ်ဘူးတဲ့လေ...ပြီးပြည့်စုံပြီးချမ်းသာနေတော့ရော အချစ်ရေးမှာတော့မပြည့်စုံတာပဲလေ...

လိမ်နေတာသိသည်...ဘာကိုကြောက်နေလည်းဒီကောင်လေး...ဧကန္တ အတိတ်ကိုပြန်သတိရရင် Jungkook ကိုမေ့သွားမှာကြောက်နေတာများလား..ဒီလိုအကြောက်တရားကြောင့် မချစ်ဘူးလို့ညာတာကို လက်မခံနိုင်ပါ...

ချစ်နေရတုန်းချစ်ကြမည်..ကောင်လေးမေ့သွားတော့လည်း သူတစ်ယောက်လုံးရှိတာပဲ ပြန်မှတ်မိအောင်လုပ်လို့ရရင်ရ...မရရင် အစကနေချစ်သူဖြစ်ဖို့ကြိုးစားမှာပေါ့...

💜 I'm Your' Fan 💜(Completed)Where stories live. Discover now