"အာ နင်တို့ကလည်း လျှောက်စိုးရိမ်မနေပါနဲ့...ရင်းနှီးတဲ့သူငယ်ချင်းဆီကရလို့နေမှာပေါ့..ငါတို့ Kookie က ရည်းစားရှိစရာလား"
"စဉ်းစားလေ ရင်တုန်လေပဲဟာ လန့်မိတယ်..အသည်းလည်းမကွဲချင်ဘူး...Kookie ကိုလည်းဘယ်သူ့မှမပေးနိုင်ဘူး.."
"ငိုမိတော့မယ်"
"အဲ့တာ ဘယ်သူပေးတာတဲ့လဲ"
"ဘယ်သူ့ဆီကလည်း..."
"ဟင့်အင်း မရဘူးနော် အိုပါး...ရည်းစားမထားရဘူး"
"အထင်မလွဲပါနဲ့ တကယ်တော့ အဲ့လက်ပတ်ပေးထားတာကျွန်မပါ"
Tae Jungkook ပုံအောက်က comment တွေကိုဖတ်ပြီး သက်ပျင်းလေးတွေသာချမိသည်...သူဘာရည်ရွယ်ချက်နဲ့ တင်တာတဲ့လဲ...အခုတော့ သူ့ Fan တွေပွက်လောရိုက်ကုန်ပြီ...
......................
Jungkook ခနနေ ခြေမချတာကြာတဲ့ Jungkook မွေးဖွားရာအိမ်ကြီးဆီသွားရတော့မှာမို့ စိတ်ကိုပြင်ဆင်ထားမိသည်.. ဒီနေ့ ဖေဖေ့ကို သည်းငယ်နဲ့တရားဝင်မိတ်ဆက်ပေးဖို့ပင် ..မွေးနေ့လက်ဆောင်က သားမက်လေးရမယ်လို့ ဖေဖေထင်ထားပါ့မလားလေ...
ကိုယ့်ဘာကိုယ်ရေးရင်း ရင်လည်းတုန်တယ် Reader လေးတွေလည်းခွင့်လွှတ်ကျပါလို့ Fic က Fic ပါပဲနော် ....ကိုယ်ကတော့ Taekook ပဲယုံပါတယ်လို့ Kookie အရိတ်အမြွက်လုပ်ရင်တောင် Tae နဲ့ပတ်သက်တာပဲဖြစ်မှာပါ...
Unicode.......
Tae အံ့သြသွားရသည်...Jungkook က Tae ကိုချစ်တယ်တဲ့လေ...Tae လည်း Jungkook ကိုချစ်နေမိတာပဲ..ဒါပေမယ့် Tae ဘဝအမှန်ကိုသတိရတဲ့အခါ Jungkook ကိုမေ့သွားမှာစိုးရိမ်ပါသည်...Jungkook ကို Tae မနာကျင်စေချင်ပါ...
"ဖြေဦးလေ သည်းငယ်ရော ကိုယ့်ကိုချစ်လား"
Tae ကိုယ်လေးပေါ်ကနေအုပ်မိုးကာ Tae မျက်နက်ဝန်းတွေထဲထိစိုက်ကြည့်ကာ မေးနေတဲ့ Jungkook ...
"ဟင့်အင်း ကျွန်တော်...မချစ်ဘူး..Jungkook ကို "
"လိမ်တာ..."
"ဟင်..."
"လိမ်နေတာ ...ကိုယ့်ကိုတည့်တည့်ကြည့်ပြော မချစ်ဘူးဆိုတာကို.."
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-13
Start from the beginning
