လိမ်နေတာသိသည်...ဘာကိုကြောက်နေလည်းဒီကောင်လေး...ဧကန္တ အတိတ်ကိုပြန်သတိရရင် Jungkook ကိုမေ့သွားမှာကြောက်နေတာများလား..ဒီလိုအကြောက်တရားကြောင့် မချစ်ဘူးလို့ညာတာကို လက်မခံနိုင်ပါ...
ချစ်နေရတုန်းချစ်ကြမည်..ကောင်လေးမေ့သွားတော့လည်း သူတစ်ယောက်လုံးရှိတာပဲ ပြန်မှတ်မိအောင်လုပ်လို့ရရင်ရ...မရရင် အစကနေချစ်သူဖြစ်ဖို့ကြိုးစားမှာပေါ့...
တစ်ယောက်တည်းလျှောက်တွေးပြီး ငြင်းနေတာဖြစ်နိုင်တယ် သည်းငယ်က...Jungkook မူးနေပေမယ့် ph ထဲက ကောင်လေးပုံလေးတွေကိုကြည့်မိသည်...အိပ်ပျော်နေတုန်းရိုက်ထားတာ Camera မပါလို့ ph ထဲရိုက်ထားမိတာ...
ကောင်လေးပုံ သုံးပုံ...ကြည့်နေရင်းကိုချစ်နေရသည်...ရူးတော့မှာပဲ...ရုတ်တရက် ကောင်လေးဝတ်ပေးတဲ့လက်ပတ်ကိုရိုက်ထားတဲ့ပုံလေး...Jungkook အသားဖြူဖြူပေါ်မှာ လက်ပတ်လေးက ထင်းနေတာကြောင့် ရိုက်ထားမိတဲ့ပုံပါ ဘာရယ်မဟုတ် ကိုယ်ချစ်ရတဲ့သူဆီက ပထမဆုံးလက်ခံရရှိတဲ့ပစ္စည်းလေး...
Jungkook ပြုံးလိုက်ရင်း Social မှာ ပုံမတင်တာ ၉ လကျော်ခဲ့ပြီမလား...Status တစ်ခုနဲ့ လက်ပတ်ပုံလေးကိုတင်လိုက်မိသည်...
(처음 선물 🐯)
ပထမဆုံးလက်ဆောင်
Jungkook ပျော်နေမိသည်...သူ့စိတ်ထဲရှိတဲ့အတိုင်းလုပ်မိတာကြောင့် တကယ်ပျော်ရပါသည်....
......................
ကမ်းခြေကနေပြန်လာပြီးကတည်းက Jungkook နဲ့မတွေ့အောင် Tae အတတ်နိုင်ဆုံးရှောင်နေမိသည်...Jungkook လည်းအခုတလော အလုပ်ရှုတ်နေပုံရသည်..မနက်စာတောင်မစား..ပြန်လာလျှင်လည်းညဥ့်နက်မှဆိုတော့ တကူးတကအခန်းထိလာမတွေ့လျှင် ၂ ယောက်သားတွေ့ဖြစ်ဖို့မလွယ်ကူပေ..
ဒေါက်ဒေါက်...
Tae တံခါးဖွင့်တော့ တံခါးရှေ့မှာ Jungkook
"သည်းငယ်..."
Tae ရင်ခုန်သွားမိသည် ..သူအဲ့အခေါ်အဝေါ်ကိုပြောင်းဖို့အစီအစဉ်မရှိတော့ဘူးလားမသိ...
"ဘာ..ဘာလဲ.."
"ရော့"
Tae လက်ထဲပါကင်ဘူးကြီးတစ်ခုထိုးပေးလာကာ
ESTÁS LEYENDO
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-13
Comenzar desde el principio
