Jungkook တို့က လူတွေနဲ့နည်းနည်းလှမ်းတဲ့ နေရာမှာ ရေသက်သက်ဆော့ကြတာဖြစ်သည်...Jungkook ကို မှတ်မိသွားလို့မဖြစ်တာမို့ Tae ကလည်းနားလည်ပေးပါသည်....

"ကောင်လေး ဒီကိုလာ"

Jungkook ခေါ်တဲ့နားသွားတော့ သဲသောင်ပြင်မှာ အသည်းပုံတစ်ခြမ်းဆွဲထားတဲ့ Jungkook ရယ်ပါ...

"မင်းဆက်ဆွဲပေး..."

Tae တုတ်တချောင်းကောက်ကာ Jungkook အသည်းကိုပြည့်အောင်ဖြည့်ဆွဲပေးလိုက်သည်..Jungkook က ပြုံးနေကာ ရုတ်တရက် Tae တစ်ကိုယ်လုံးကိုပွေ့ချီပြီး ရေထဲပြေးဆင်းကာပစ်ချသည်...တစ်ယောက်နဲ့တစ်ယောက်ရေတွေပက်ကာစနောက်ကြရင်း ညနေဆည်းဆာက ကြည်နူးစရာအတိပင်...

ရုတ်တရက် ...

"Jungkook....Jungkook..."

Tae ပတ်ဝန်းကျင်သည်ငြိမ်သက်နေသည်..လှိုင်းသံတွေကလွဲဘာမှမကြားရပေ...ခပ်လှမ်းလှမ်းက Jungkook ကိုအခုမတွေ့တော့..

"Jungkook...Jungkook..."

ရေထဲပါသွားတာများလား...Tae ငိုချင်လာသည်...

"Jungkook အဟင့်ဟင့်...Jungkook ရေ..."

"ဘွား...."

Tae ရှေ့မှာပေါ်လာတဲ့ Jungkook...Tae ငိုနေရင်းကနေ သူ့ကိုပြေးဖက်ကာထုရိုက်လိုက်သည်..

"စနေနိုင်သေးတယ်ဟုတ်လား ဟင့်ဟင့်...Jungkook ကိုမတွေ့လို့ ဘယ်လောက်တောင်လန့်သွားရလည်း...အဟင့်..ဒါကိုစနေတယ်ဟုတ်လား...မကောင်းတဲ့လူကြီး..."

Jungkook သူ့ကိုစိတ်ပူမပူ စမ်းသပ်ချင်တာကြောင့် ရေငုပ်ကာ စလိုက်မိတာဖြစ်သည်..ကောင်လေးက သူထင်ထားတာထက်ပင် စိတ်ပူကာ ငိုတဲ့အထိပင်...အခုတော့စိတ်ဆိုးသွားတာမို့ ရေထဲကနေပြန်တက်ကာ Hotel ကိုဦးတည်နေလေပြီ...Jungkook ကောင်လေးစိတ်ကျေနပ်တဲ့အထိချော့ဖို့ရည်ရွယ်မိသည်...

....ကောင်လေးကိုသူချစ်မိနေပါပြီ.....

..................................

Hotel ပြန်ရောက်မှ Jungkook ခေါင်းကြီးရတော့သည်...ကောင်လေးက Hobi Hyg နဲ့အိပ်မယ်ဆိုပြီး အထုတ်တွေယူကာ အခန်းကူးဖို့ပြင်နေလေသည်....

Jungkook ကောင်လေးလက်ထဲက အထုတ်တွေဆွဲယူကာပြန်ချလိုက်ရင်း

"ဒါကဘယ်လဲ...မသွားရဘူး"

💜 I'm Your' Fan 💜(Completed)Where stories live. Discover now