"Hyg မျက်နှာကြီးမှာပေါ်နေတာလေ ကျွန်တော်မှဟုတ်ရဲ့လားလို့တွေးနေပုံရတယ်"

"ပြောစမ်းပါဦး ဘယ်လိုဖြစ်တာ ...မဟုတ်မှ မင်း TaeTae ကိုများ..."

"Hyg ထင်သလိုဟုတ်တယ်"

"ဒါဆို Lee Soyoon ကရော"

Hobi စကားကြောင့် Jungkook မျက်နှာတည်သွားသည်...

"တကယ်လို့ မင်း Soyoon အပေါ်စိတ်မကုန်သေးဘူးဆိုရင် TaeTae ကိုမနာကျင်စေချင်ပါနဲ့ကွာ...ကောင်းကောင်းစဉ်းစားပေါ့...မင်းအချစ်ကစစ်မှန်ရဲ့လားဆိုတာ..တစ်ဖက်ကအချစ်ဦးမလား..."

"ဒါပေမယ့် ကျွန်တော် Soyoon ကိုအရင်လိုမဟုတ်တော့ဘူး Hyg အဲ့တာတော့သေချာတယ်"

Hobi က Jungkook ပုခုံးကိုဖွဖွပုတ်ရင်း...

"မင်းပဲရွေးချယ်ရမှာ မှန်ကန်တဲ့ရွေးချယ်မှုမျိုးလုပ်နိုင်ပါစေကွာ...Hyg ညနေမှပြန်လာရမှာ အလုပ်ကိစ္စချိန်းထားတာရှိတယ် TaeTae ကိုမင်းပဲလိုက်ပို့ပေးလိုက်"

"ဟုတ်ကဲ့ Hyg..."

..............

"Jungkook...."

Tae စိတ်တိုတိုနဲ့အော်မိသည်...ကြည့်ဦးလေ မတိုရရှိမလား သူကကျ တီရှပ်နဲ့ဘောင်းဘီတိုနဲ့ Tae ကိုကျ အတိုမဝတ်ခိုင်းပဲ ဘောင်းဘီတိုအောက်မှာမှ အသားကပ်ဂျင်းအနက်နဲ့ လက်တိုလည်းမဝတ်ရ လက်ရှည်နဲ့...

Jungkook နှုတ်ခမ်းလေးဆူကာ ကောက်ပုံရနေတဲ့ ကောင်လေးကိုကြည့်ကာ ခိုးပြုံးရင်း

"ဘာလည်း မဝတ်ချင်ဘူးလား ဒီလိုမဝတ်ချင်ရင် ရေလည်းမဆော့နဲ့"

"ကမ်းခြေလာပြီး ရေမဆော့လို့ ဘာလုပ်ရမှာတဲ့လဲ တကယ်ပဲ အကျင့်ပုတ်တဲ့ယုန်ကြီး"
.
"ဘာ..ယုန်"

"ဟုတ်တယ်လေ ရှေ့သွားကြီးကြီးနဲ့ ယုန်ပေါ့"

"မြန်မာကောင်လေး"

Tae ခွိခနဲရယ်လိုက်မိသည်...သူ့ကိုယုန်လို့ခေါ်လို့တဲ့ ကိုယ့်ကိုပြန်ခေါ်တာ မြန်မာကောင်လေးတဲ့...

"ဘာရယ်တာလည်း ညကလို အနမ်းခံချင်လို့လား..."

"အာ ဘာဆိုင်လို့လည်း သွားမယ်.."

ရှေ့ကနေ ဖင်လုံးလုံးကိုနောက်ပစ်ကာ ကော့တော့ကော့တော့နဲ့ထွက်သွားတဲ့ ကျားပေါက်ကိုကြည့်ပြီး Jungkook တဟားဟားအော်ရယ်မိသည်....
ရှက်ကလည်းရှက်တတ်သေးတာ သူလေးက....

💜 I'm Your' Fan 💜(Completed)Where stories live. Discover now