"ဘာလို့ ဒီအချိန်ကြီးကျမှ ..."
"အဲ့တာက ဟိုလေ..."
Tae ရေအေးလေးထည့်ထားတဲ့ဖန်ခွက်ကို Jungkook ကို လှမ်းပေးလိုက်ရင်း...
"အိပ်မရလို့..."
Tae ရယ်လိုက်မိသည်...ဟုတ်ပါရဲ့ ညအိပ်ဝတ်စုံနဲ့ အိမ်ထဲစီးကွင်းထိုးမွှေးပွဖိနပ်နဲ့ Jungkook က အိပ်ပျော်ဟန်မတူ...
Jungkook ကောင်လေးက သူ့ပုံကိုကြည့်ကာ ရယ်နေတာကြောင့် ရှက်သွားမိသည်..သူကလည်းသူပဲ အဝတ်လေးတောင်မလဲလာမိ..ဖိနပ်ကိုလည်းကြည့်ဦး..
...Shit....
အသံတိတ် ကိုယ့်ကိုယ်ကိုယ်ကျိန်ဆဲမိသည်...
"မင်းကရော မအိပ်ပဲ ဘာလုပ်နေတာလည်း ဒီအချိန်ထိ"
"အဲ ကျွန်တော်လည်း အိပ်မပျော်လို့..."
Jungkook ကရယ်ရင်း
"ကိုယ်မင်းကို လွမ်းလို့.."
Tae တအံတသြလေးကြည့်မိတော့ Jungkook က ဂုတ်ပိုးကို လက်နဲ့ပွတ်သပ်ကာ ရှက်ပြီးနေရခက်နေပုံရသည်...
"တကယ်ပြောတာ မင်းမရှိတော့ မနေတတ်ဘူး"
ဒီတစ်ခါရှက်သွားရတာက Tae ပါ..Jungkook ဘာတွေပြောနေတာလည်း ဒီစကားတွေက ဘာကိုဆိုလိုတာလည်း သူမသိဘူးတဲ့လား...
Jungkook မျက်နှာချင်းဆိုင်ကနေ မျက်နှာလေးရဲကာခေါင်းငုံ့နေတဲ့ကောင်လေးကိုကြည့်ကာ အသည်းယားမိသည်..Jungkook ကောင်လေးရဲ့မေးဖျားလေးကနေဆွဲယူကာ မျက်နှာလေးကိုမော့စေလိုက်ရင်း..
"မင်းလည်းလွမ်းနေတာမလား ကိုယ့်ကို.."
"Jung...Jungkook..."
Tae ကိုတည့်တည့်ကြီးကြည့်ပြီးမေးတော့ ဘယ်လိုလုပ်ပြောထွက်မလည်း....တကယ်တမ်း တံခါးဖွင့်ဖွင့်ချင်း Jungkook ကိုတွေ့တော့ အရမ်းပျော်သွားမိတာအမှန်ပင်..ဒီလောက်ဆိုသူနဲ့ Jungkook က စိတ်ချင်းဆက်နေတာလို့ယူဆလို့ရောရရဲ့လား....
"ဟေ့ ဖြေဦးလေကောင်လေးရဲ့"
Jungkook က Tae နှာခေါင်းလေးကိုလက်လေးနဲ့တောက်ကာ သတိပေးလာမှ လက်ရှိအခြေအနေကိုသတိရသည်...
"ဟို ...သတိမရပါဘူး ဘာလို့ရရမှာလည်း..."
ပြောပြီး အိပ်ရာပေါ်တက်ကာ စောင်ခြုံကွေးသွားတဲ့ကောင်လေးကိုကြည့်ရင်း Jungkook ရယ်လိုက်မိသည်..ချစ်စရာလေး...
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-11
Start from the beginning
