ကားနဲ့ ၃ နာရီလောက်သာမောင်းရတာမို့ သိပ်တော့မဝေးလှပါ...Tae လည်းခရီးသိပ်မပန်းတာထက် Jungkook ကိုမတွေ့ရလို့အိပ်မပျော်တာဆို ပိုမှန်ပါလိမ့်မည်...ည ၁၁ နာရီဆိုတဲ့အချိန်က Jungkook မအိပ်သေးတာသိပေမယ့် Tae စာကိုပြန်မပို့တာကို ရင်ထဲတနုံ့နုံ့ရယ်ပါ...

Jungkook Fan Club ကတင်ထားတဲ့စာကြောင့် Tae စိုးရိမ်နေသေးသည်...Jungkook အချစ်ဦး ပြန်ရောက်နေပြီတဲ့လေ..Jungkook မှာချစ်ရသူမရှိဘူးလို့ထင်ခဲ့မိတာ...Jungkook ချစ်ရတဲ့မိန်းကလေးက ငယ်ချစ်တဲ့လေ...

သူမနဲ့တွေ့နေလို့လား သူ့စာမပြန်တာ..Tae ဆက်မတွေးချင်တော့ပါ...အခုတလော Jungkook အလုပ်သွားတာကို စိတ်မချပေ..ဒီလိုပြောရရင် ကိုယ်ကသက်ဆိုင်သူမဟုတ်တာမို့လို့ ပိုင်စိုးပိုင်နင်း စိတ်မချပိုင်ခွင့်လည်း Tae မှာမရှိပေ...

Tae အတိတ်ကိုသတိရသွားရင် Jungkook နဲ့ခွဲရမှာကြောက်မိသည်...Jungkook ကိုသံယောဇဉ်မတွယ်မိအောင်ကြိုးစားနေရင်းကပင် Tae မသိလိုက်ခင်မှာပင် Jungkook ကိုမမြင်နိုင်တဲ့ကြိုးတွေနဲ့ချည်နှောင်ပြီးနှင့်ပြီ...Tae မမြင်ကွယ်ရာမှာ Jungkook အချစ်ဦးနဲ့တွေ့နေမှာမျိုး စိုးရိမ်မိသည်...Jungkook က အစွဲအလမ်းကြီးတတ်သည့်လူစားတဲ့ သူ့ Fan တွေပြောတာက...

Tae ကိုရော Tae ကိုရော Jungkook သံယောဇဉ်ဖြစ်နေပါ့မလား ...မျှော်လင့်ချင်ပါသေးသည်....

ည ၂ နာရီထိုးတာတောင် Tae အိပ်မရ....မျက်လုံးတွေကကြောင်နေမိသည်..ဆိုဖာပေါ်ထိုင်နေရင်း လူကငုတ်တုတ်သာ..

"တီးတောင်"

ဘဲလ်တီးသံကြောင့် Hobi Hyg ဘာဖြစ်လို့လည်းလို့ စိုးရိမ်ကာ အပြေးလေးသွားဖွင့်မိသည်...တံခါးပွင့်သွားတော့ မြင်လိုက်ရသည်က...

"Jungkook"

ဟုတ်ပါသည် Jungkook ရယ်ပါ...သူလည်း Tae ကိုအံ့သြနေသလိုရှိကာ ဘာစကားမှမဆို..

"အထဲလာလေ"

"အင်း"

Jungkook Eunhan Hyg ကို ph ဆက်ပြီးတာနဲ့ တန်းထွက်လာခဲ့တာပဲဖြစ်သည်...ကောင်လေးကိုတအားတွေ့ချင်နေတာမလို့ အချိန်တောင်မစဉ်းစားအား..ဒီရောက်တော့ ည ၁ နာရီ ၄၅ မိနစ်တိတိ..အခန်းနံပါတ်စုံစမ်းပြီးတာနဲ့ ကောင်လေးအခန်းရှိရာရောက်လာခဲ့တာပဲဖြစ်သည်..ချက်ချင်းကြီးတံခါးလာဖွင့်မယ်လို့မထင်မိတာကြောင့် အံ့သြကာ ဘာမှတောင်မပြောနိုင်ပေ...

💜 I'm Your' Fan 💜(Completed)Where stories live. Discover now