Jungkook ကောင်လေးနှုတ်ခမ်းတွေကိုလွတ်ထွက်သွားမှာစိုးသည့်အလားနမ်းနေမိသည်...ကောင်လေးကပြန်တုံ့ပြန်မနမ်းတတ်တာကြောင့် ကောင်လေးရဲ့ပထမအနမ်းဆိုတာသိလိုက်ရခြင်းနဲ့အတူ မြတ်နိုးမိတာမို့ ပိုတိုးကာစုပ်ယူနမ်းရှိုက်နေမိသည်...

အိစက်နေတဲ့နှုတ်ခမ်းသားလေးတွေကြောင့် အပေါ်တစ်လှည့်အောက်တစ်လှည့်နမ်းနေရင်း အားမရဖြစ်ရသည်...Jungkook ကိုဖွင့်ဟမပေးတဲ့နှုတ်ခမ်းလေးကြောင့် အောက်နှုတ်ခမ်းလေးကိုနာနာလေးကိုက်လိုက်မှ ပွင့်ဟသွားတဲ့နှုတ်ခမ်းလေးထဲ Jungkook လျှာဖျားတိုးဝင်ကာ ကောင်လေးခံတွင်းလေးထဲစိတ်ကြိုက်မွှေနှောက်ကာနမ်းနေမိသည်...

Tae အနမ်းခံနေရင်း ဘာကိုဝမ်းနည်းလို့ဝမ်းနည်းမှန်းမသိ မျက်ရည်တို့ကပိုးပိုးပေါက်ပေါက်ကျလာသည်...Jungkook ပါးပြင်ကစိုစွတ်မှုကြောင့် အငမ်းမရနမ်းနေမိတဲ့နှုတ်ခမ်းလေးကိုလွှတ်ကာ ကြည့်မိတော့ ကောင်လေးရယ် ငိုနေတာ

"ကောင်လေး...ဘာလို့လည်းဟင် ကိုယ်အတင်းနမ်းမိလို့လား..."

"ဟင့်အင်း..."

ခေါင်းရမ်းပြနေပေမယ့် ငိုနေတာမရပ်သေးပေ..နှာသီးဖျားလေးတွေတောင်ရဲလို့ရယ်..Jungkook ကောင်လေးပါးပြင်ပေါ်က မျက်ရည်ဥလေးတွေကို လက်လေးတွေနဲ့ပွတ်သပ်ကာသုတ်ပေးနေရင်း

"ကိုယ်တောင်းပန်ပါတယ်နော်...အရမ်းလန့်သွားမှာပဲ..မငိုနဲ့တော့နော် ...ထပ်မလုပ်တော့ဘူး"

"ဟုတ်"

Jungkook ကောင်လေးနဖူးလေးကိုနမ်းကာ ခေါင်းလုံးလုံးလေးကိုရင်ခွင်ထဲထည့်ထားလိုက်သည်...
Tae Jungkook ရင်ခွင်ထဲမှာဖြစ်တာမို့ Jungkook ရင်ခုန်သံအကျယ်ကြီးတွေကိုကြားနေရသည်...Tae ရင်ခုန်သံတွေကိုရော Jungkook ကြားမယ်ဆိုရင်........

Tae တို့ရင်ခုန်သံချင်းထပ်တူကျနေပါရဲ့လား...





Unicode....


Tae ph လေးကိုင်ကာ အခန်းထဲခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်...ဆက်လိုက်ရင်ကောင်းမလား..မဆက်တာပဲကောင်းမှာပါလေ သူပင်ပန်းနေမှာရယ်...သွားတုန်းက ပို့ထားတဲ့ message ကိုတောင်ပြန်မပို့တဲ့ Jungkook ရယ်ပါ...

💜 I'm Your' Fan 💜(Completed)Where stories live. Discover now