Jungkook ရေချိုးပြီးသားမို့ သန့်ရှင်းရေးပဲလုပ်ကာ ကောင်လေးအိပ်နေတဲ့ဘေးနားလှဲချလိုက်သည်...အခုထိ သူ့ဘက်ကိုကျောပေးကာ အိပ်ချင်ယောင်ဆောင်နေတဲ့သူလေးကိုလှုပ်နှိုးရင်း...
"ဟေ့ စောင်ပေးခြုံပါဦး တစ်ထည်ပဲရှိတာကို "
တစ်ယောက်ခန်းမို့ စောင်အထူတစ်ထည်သာပေးထားပုံရသည်...ဒါပေမယ့်အခန်းကကျယ်ကာ ကုတင်ကလည်းအကျယ်ကြီး စောင်ကတစ်ထည်ပဲဆိုပေမယ့် ထူပြီးနှစ်ယောက်ခြုံဖို့လုံလောက်ပါသည်...
"ကောင်လေး..."
Jungkook ကိုဘာမှမတုံ့ပြန်တာမို့ စောင်ကိုဆွဲကာ အတင်းတိုးဝင်လိုက်တော့ ကိုယ်လေးကတုန်ခနဲရယ်..Jungkook ဒီဘက်ဆွဲလှန်တော့ Jungkook အားနဲ့မို့ ကိုယ်သေးသေးကတစ်ခါထဲပါလာခဲ့သည်...မျက်လုံးတွေအတင်းပိတ်ထားတဲ့ကောင်လေးကို စချင်တာနဲ့ မျက်နှာနား Jungkook မျက်နှာကိုတိုးသွားမိသည်....
Tae ပါးပြင်ကိုရိုက်ခတ်လာတဲ့လေနွေးနွေးကြောင့် မျက်လုံးကိုမရဲတရဲလေးဖွင့်မိတော့ စိုက်ကြည့်နေတဲ့ Jungkook မျက်ဝန်းတွေနဲ့ဆုံသည်..Tae လန့်သွားကာ Jungkook မျက်နှာအား လက်လေးတွေနဲ့တွန်းရင်း...
"Jungkook ဘာလုပ်တာလည်း..."
"ဘာလုပ်လို့လည်း"
Tae စကားကိုပြန်ဖြေပြီး သူ့မျက်နှာကိုတွန်းထားတဲ့ Tae လက်လေးတွေကို သူ့လက်နဲ့အုပ်ကိုင်ထားကာ
"ရှက်နေပြန်ပြီလား အသည်းယားစရာကောင်းအောင်လို့ တကယ်ပဲ..မင်းလေးကဘာလေးလည်း..."
Tae ပါးတွေပူထူလာတာကိုခံစားရသည်..Jungkook အကြည့်တွေကိုရင်မဆိုင်ရဲသလို Jungkook စကားတွေကြောင့် Tae မနေတတ်ဖြစ်ရသည်...
Jungkook ကောင်လေးခါးသိမ်သိမ်ကနေဆွဲပွေ့ကာ ရင်ခွင်ထဲကောင်လေးကိုယ်လုံးလေးကိုမြှုပ်တဲ့အထိဖက်လိုက်သည်..မျက်နက်ဝန်းလေးတွေဝိုင်းစက်ကာ မော့ကြည့်နေတဲ့ကောင်လေးကြောင့် Jungkook ဘာမှမစဉ်းစားချင်တော့...
"Jung....အွန့်...."
Tae ငုံ့ကျလာတဲ့ Jungkook မျက်နှာကြောင့် အလန့်တကြားလေး Jungkook ကိုတားမလို့လုပ်ရင်းနဲ့ Tae နှုတ်ခမ်းလေးတွေကို ဖိကပ်လာသော Jungkook နှုတ်ခမ်းတွေ...
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-11
Start from the beginning
