"Hyg ကလည်း အလကားသက်သက်ပိုက်ဆံကုန်အောင်လို့ အခန်းတွေကအကျယ်ကြီးတွေကို အတူတူတည်းလည်းရရဲ့သားနဲ့"
"ကလေး လွတ်လပ်အောင်လို့ပါ.."
Hobi မှာပြောသာပြောလိုက်ရတာ မချိပြုံးနဲ့သာ...သူအစကတည်းက TaeTaeနဲ့ တစ်ခန်းထဲနေမလို့ဟာကို ဟိုသကောင့်သား ယုန်အူတိုက ph လှမ်းဆက်သည်...
ကောင်လေးနဲ့တစ်ခန်းထဲမနေနဲ့နော် Hyg တဲ့ သေချာကိုပြောသွားတာမလို့ Hobi မှာ မေးချင်တာ ပါးစပ်ကိုယားလို့ရယ်....
အလုပ်ကိစ္စနဲ့လာရင်း TaeTae ပျင်းနေမှာတွေးမိတာမို့ ခေါ်လာဖို့စဉ်းစားမိခြင်းရယ်ပါ..ဒါတောင် ဟိုလင်လင်နှစ်တွဲက ဘယ်လိုမှမအားတာမို့ရယ်..Jimin ဆို TaeTae ပါမယ်ဆိုတော့ လိုက်ချင်တာဖင်တကြွကြွနဲ့ သူ့လင်ကမခွဲနိုင်လို့သာ မလိုက်လာတာ...
တစ်ခုတော့ Hobi စိုးရိမ်မိသည်...တကယ်လို့ TaeTae အတိတ်ကိုမှတ်မိသွားရင် သူတို့ကိုမေ့သွားမှာကိုပေါ့...သူလေးမေ့သည်ဖြစ်စေ မမေ့သည်ဖြစ်စေ အခုလိုကာလလေးအတွင်းမှာတော့ တကယ်ကိုပျော်စေချင်မိပါသည်...
...........
Jungkook အိမ်ပြန်ရောက်တော့ သူပြန်အလာကိုစောင့်နေတတ်တဲ့သူလေးရှိမနေ..ရင်ထဲဟာသွားရကာ ဧည့်ခန်းဆိုဖာပေါ်ထိုင်ချလိုက်မိသည်...တစ်သက်လုံးနေလာခဲ့တဲ့အိမ်မှာ အခုကောင်လေးမရှိတာနဲ့ တစ်ခုခုလစ်ဟာနေသလိုပင်...
မီးဖိုခန်းဘက်လှမ်းကြည့်တော့ အေပရွန်လေးဝတ်ကာ ချက်ပြုတ်နေတတ်တဲ့ ကျောပြင်သေးသေးလေးမရှိ...Jungkook ပြန်လာတာ ညနက်တိုင်း ထမင်းသေချာစောင့်ကျွေးတဲ့သူလေးမရှိ...
သတိရသွားရင် သေချာပေါက်ထွက်သွားရမယ့်ကောင်လေးဟာ အခုကတည်းက သူ့ကိုမနေတတ်အောင်လုပ်နေပါရောလား...
"အဟက်..."
Jungkook ဟက်ခနဲရယ်ကာ ခေါင်းတွင်တွင်ခါရမ်းမိသေးသည်...သူကထားခဲ့ခံရခြင်းကို သိပ်မုန်းသည်..တကယ်လို့ ကောင်လေးကိုသံယောဇဉ်ဖြစ်နေမိမှာ ကြောက်မိပါသည်..သူမငြိတွယ်အောင်သတိထားမိပါရဲ့ တဖြည်းဖြည်းသူ့ရင်ထဲဝင်လာတာသတိထားမိသည်...
ဘာမာယာမှမပါတဲ့ အဖြူထည်ကောင်လေးက သူ့ကိုရုန်းမရအောင်ချုပ်နှောင်ထားခဲ့ပြီ..ခနလေးမရှိတာကိုတောင်သူမနေတတ်...တကယ်လို့များ ကောင်လေးသာသူ့နိုင်ငံသူပြန်သွားခဲ့ရင်...
Jungkook မတွေးချင်ပါ...ကောင်လေးအခန်းရှေ့ကအဖြတ် တံခါးဝနားရပ်နေမိရင်း သူခွက်ကိုပေါက်ခွဲခဲ့တဲ့ညက အခန်းထဲမှာကောင်လေးငိုနေတာကြားခဲ့ရသည်....သူအော်မိလို့ ကောင်လေးငိုချင်နေတဲ့မျက်နှာလေးကိုထိန်းချုပ်နေတဲ့ပုံလေးခုထိမျက်လုံးထဲကမထွက်ပေ...ကောင်လေးကိုသူ့ကြောင့်မနာကျင်စေချင်ပါ....
အိပ်တော့လည်း ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်နဲ့သာ ကောင်လေးအခန်းကိုသွားအိပ်ဖူးတာအမှတ်ရမိသည်...အဲ့နေ့ညက ရှက်နေတဲ့ကောင်လေးကို အိပ်ပျော်သွားတုန်း ခိုးနမ်းမိတာအခါခါ...Jungkook လည်းချောပါသည်..Idol မလို့အစစအရာရာပြီးပြည့်စုံပါသည်..ဒါပေမယ့် Idol ဖြစ်တဲ့ကိုယ့်ထက် ကောင်လေးကအစပေါင်းများစွာ ချောလှပြီး တဆက်တည်းတအားချစ်စရာကောင်းနေတာများ လူသားလို့ပြောရရင်တောင်ယုံချင်စရာမရှိပေ...နတ်ဘုရားလေးလိုမျိူး...
အရင်ကဆို မြန်မာနိုင်ငံမှာ နတ်ဘုရားတမျှ ချောလှတဲ့ကောင်လေးရှိတယ်လို့ပြောရင် Jungkook ယုံမိမယ်မထင်...အခုလိုမျက်ဝါးထင်ထင်မြင်ရမှ ကောင်လေးပုံစံလေးက နတ်ဘုရားတောင်ဖျားသွားမည်..
"အားးးး သတိရလာပြီကွာ"
Jungkook ကောင်လေးအကြောင်းတွေးနေရင်း ချက်ချင်းပင်တွေ့ချင်လာမိသည်...နေနိုင်တဲ့ကောင်လေးက ph တောင်မဆက်...Jungkook Camera ကိုယူပြီး Card ကိုထုတ်ကာ laptop နဲ့ချိတ်ပြီး သူခိုးရိုက်ထားတဲ့ကောင်လေးပုံလေးတွေကိုကြည့်နေမိသည်...
ပုံလေးတွေတစ်ပုံပြီးတစ်ပုံကြည့်နေရင်း ဟိုကောင်တွေအိမ်လာတုန်းက Jimin ရိုက်ထားတဲ့ ကောင်လေးပုံလေးနားရောက်တော့ Screen ပေါ်ကနေပင် လက်ချောင်းလေးနဲ့တို့ထိမိသည်...Boxy Smile လေး..သူ့ပုံတွေက ကောင်လေးမသိအောင်ရိုက်ထားတာမလို့ Jimin ရိုက်ထားတဲ့ပုံနဲ့မတူ ...
Jimin က သေချာရိုက်ထားတာမလို့ လက်နှစ်ချောင်းထောင်ကာ ပြုံးရယ်နေတဲ့ကောင်လေးပုံလေးမှာ ပြတ်သားစွာ...Jimin လှမ်းပို့ပေးတာမလို့သူ Card ထဲကူးထားတာဖြစ်သည်...
ချစ်စရာကောင်းသည်..မဟုတ်ဘူး လှတာလို့ပြောရမလား..မဟုတ်သေးပါဘူး ..Jungkook မှာပုံတွေကြည့်ရင်း တစ်ယောက်တည်းရေရွတ်နေမိသည်...အခုချိန်များ တခြားသူမြင်ရင် Jungkook ကိုရူးနေလားလို့တောင်ထင်ကြမှာအမှန်ပင်...
ကမ်းခြေဆိုမှစဉ်းစားမိသည်...America မှာ ကောင်လေးရဲ့ရေစိုနေတဲ့ပုံလေးကို...မဖြစ်ဘူး..သူများတွေမြင်သွားလို့မဖြစ်ဘူး..Hobi Hyg ရော တကယ်ရောအခန်းခွဲအိပ်ရဲ့လား..Jungkook ph ဆက်ပြီးသေချာကိုပြောလိုက်ပေမယ့် စိတ်မချနိုင်ပေ...နောက်ဆုံး Jungkook ဆုံးဖြတ်ချက်ချကာ ph ခေါ်လိုက်မိသည်...
"Eunhan Hyg ...နောက် ၂ ရက်အတွက် Schedule အကုန်ဖျက်ထားပေး ကျွန်တော်သွားစရာရှိလို့"
ESTÁS LEYENDO
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-10
Comenzar desde el principio
