ပုံလေးတွေတစ်ပုံပြီးတစ်ပုံကြည့်နေရင်း ဟိုကောင်တွေအိမ်လာတုန်းက Jimin ရိုက်ထားတဲ့ ကောင်လေးပုံလေးနားရောက်တော့ Screen ပေါ်ကနေပင် လက်ချောင်းလေးနဲ့တို့ထိမိသည်...Boxy Smile လေး..သူ့ပုံတွေက ကောင်လေးမသိအောင်ရိုက်ထားတာမလို့ Jimin ရိုက်ထားတဲ့ပုံနဲ့မတူ ...
Jimin က သေချာရိုက်ထားတာမလို့ လက်နှစ်ချောင်းထောင်ကာ ပြုံးရယ်နေတဲ့ကောင်လေးပုံလေးမှာ ပြတ်သားစွာ...Jimin လှမ်းပို့ပေးတာမလို့သူ Card ထဲကူးထားတာဖြစ်သည်...
ချစ်စရာကောင်းသည်..မဟုတ်ဘူး လှတာလို့ပြောရမလား..မဟုတ်သေးပါဘူး ..Jungkook မှာပုံတွေကြည့်ရင်း တစ်ယောက်တည်းရေရွတ်နေမိသည်...အခုချိန်များ တခြားသူမြင်ရင် Jungkook ကိုရူးနေလားလို့တောင်ထင်ကြမှာအမှန်ပင်...
ကမ်းခြေဆိုမှစဉ်းစားမိသည်...America မှာ ကောင်လေးရဲ့ရေစိုနေတဲ့ပုံလေးကို...မဖြစ်ဘူး..သူများတွေမြင်သွားလို့မဖြစ်ဘူး..Hobi Hyg ရော တကယ်ရောအခန်းခွဲအိပ်ရဲ့လား..Jungkook ph ဆက်ပြီးသေချာကိုပြောလိုက်ပေမယ့် စိတ်မချနိုင်ပေ...နောက်ဆုံး Jungkook ဆုံးဖြတ်ချက်ချကာ ph ခေါ်လိုက်မိသည်...
"Eunhan Hyg ...နောက် ၂ ရက်အတွက် Schedule အကုန်ဖျက်ထားပေး ကျွန်တော်သွားစရာရှိလို့"
Unicode.....
" ဟိုလေ Jungkook"
Jungkook မနက်စာစားနေတုန်း ကောင်လေးကပြောစရာရှိပုံရသည်..အရင်စားပြီးပေမယ့် မထသွားသေးပဲ Jungkook အနားဝဲလည်လည်လုပ်နေသေးသည်...
"အင်း ပြောလေ ပြောစရာရှိနေတယ်မလား"
"Hobi Hyg ကလေ ကမ်းခြေသွားမှာ ကျွန်တော့်ကိုခေါ်နေတာ အဲ့တာ လိုက်သွားရမလားဟင်"
Jungkook မျက်နှာရိပ်မျက်နှာကဲကို ကြည့်နေတဲ့ကောင်လေးရဲ့မျက်ဝန်းနက်နက်လေးတွေက မျှော်လင့်ချက်ကြီးစွာဖြင့်ပင်...သူလည်းပျင်းနေရှာမှာပေါ့...မဟုတ်လည်းကောင်လေးကိုသူမှလိုက်မပို့ပေးနိုင်တာ...Idol မလို့အသွားအလာဆင်ခြင်ရသည်...
"သွားလေ"
"တကယ်နော် ဟီး"
Boxy Smile လေးကို လွှတ်ကနဲငေးမိသွားရင်း
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-10
Start from the beginning
