မီးဖိုခန်းဘက်လှမ်းကြည့်တော့ အေပရွန်လေးဝတ်ကာ ချက်ပြုတ်နေတတ်တဲ့ ကျောပြင်သေးသေးလေးမရှိ...Jungkook ပြန်လာတာ ညနက်တိုင်း ထမင်းသေချာစောင့်ကျွေးတဲ့သူလေးမရှိ...
သတိရသွားရင် သေချာပေါက်ထွက်သွားရမယ့်ကောင်လေးဟာ အခုကတည်းက သူ့ကိုမနေတတ်အောင်လုပ်နေပါရောလား...
"အဟက်..."
Jungkook ဟက်ခနဲရယ်ကာ ခေါင်းတွင်တွင်ခါရမ်းမိသေးသည်...သူကထားခဲ့ခံရခြင်းကို သိပ်မုန်းသည်..တကယ်လို့ ကောင်လေးကိုသံယောဇဉ်ဖြစ်နေမိမှာ ကြောက်မိပါသည်..သူမငြိတွယ်အောင်သတိထားမိပါရဲ့ တဖြည်းဖြည်းသူ့ရင်ထဲဝင်လာတာသတိထားမိသည်...
ဘာမာယာမှမပါတဲ့ အဖြူထည်ကောင်လေးက သူ့ကိုရုန်းမရအောင်ချုပ်နှောင်ထားခဲ့ပြီ..ခနလေးမရှိတာကိုတောင်သူမနေတတ်...တကယ်လို့များ ကောင်လေးသာသူ့နိုင်ငံသူပြန်သွားခဲ့ရင်...
Jungkook မတွေးချင်ပါ...ကောင်လေးအခန်းရှေ့ကအဖြတ် တံခါးဝနားရပ်နေမိရင်း သူခွက်ကိုပေါက်ခွဲခဲ့တဲ့ညက အခန်းထဲမှာကောင်လေးငိုနေတာကြားခဲ့ရသည်....သူအော်မိလို့ ကောင်လေးငိုချင်နေတဲ့မျက်နှာလေးကိုထိန်းချုပ်နေတဲ့ပုံလေးခုထိမျက်လုံးထဲကမထွက်ပေ...ကောင်လေးကိုသူ့ကြောင့်မနာကျင်စေချင်ပါ....
အိပ်တော့လည်း ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်နဲ့သာ ကောင်လေးအခန်းကိုသွားအိပ်ဖူးတာအမှတ်ရမိသည်...အဲ့နေ့ညက ရှက်နေတဲ့ကောင်လေးကို အိပ်ပျော်သွားတုန်း ခိုးနမ်းမိတာအခါခါ...Jungkook လည်းချောပါသည်..Idol မလို့အစစအရာရာပြီးပြည့်စုံပါသည်..ဒါပေမယ့် Idol ဖြစ်တဲ့ကိုယ့်ထက် ကောင်လေးကအစပေါင်းများစွာ ချောလှပြီး တဆက်တည်းတအားချစ်စရာကောင်းနေတာများ လူသားလို့ပြောရရင်တောင်ယုံချင်စရာမရှိပေ...နတ်ဘုရားလေးလိုမျိုး...
အရင်ကဆို မြန်မာနိုင်ငံမှာ နတ်ဘုရားတမျှ ချောလှတဲ့ကောင်လေးရှိတယ်လို့ပြောရင် Jungkook ယုံမိမယ်မထင်...အခုလိုမျက်ဝါးထင်ထင်မြင်ရမှ ကောင်လေးပုံစံလေးက နတ်ဘုရားတောင်ဖျားသွားမည်..
"အားးးး သတိရလာပြီကွာ"
Jungkook ကောင်လေးအကြောင်းတွေးနေရင်း ချက်ချင်းပင်တွေ့ချင်လာမိသည်...နေနိုင်တဲ့ကောင်လေးက ph တောင်မဆက်...Jungkook Camera ကိုယူပြီး Card ကိုထုတ်ကာ laptop နဲ့ချိတ်ပြီး သူခိုးရိုက်ထားတဲ့ကောင်လေးပုံလေးတွေကိုကြည့်နေမိသည်...
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-10
Start from the beginning
