Jungkook ဘာမှပြန်မပြောတော့...အခုတလော Jungkook သူမကိုမြင်ရင် ဘာမှထူးထူးခြားခြားမခံစားရတော့..သူမထွက်သွားတုန်းကတော့ အရူးလိုငိုခဲ့ဖူးသည်..ပြန်ရောက်လာဖို့လည်းမျှော်ခဲ့ဖူးပါသည်...

ပြန်ရောက်လာရင် အရင်လို သူမအနားနေပြီး သူမနဲ့ပဲအတူဖြတ်သန်းဖို့စဉ်းစားမိပေမယ့် အခုအဲ့လိုစိတ်တွေရှိမနေ...ပစ်ပစ်ခါခါကြီးလည်းမလုပ်ရက်ပေ..Jungkook အဖြစ်က ခဲမှန်ဖူးတဲ့စာသူငယ်လို သူမကြောင့်ထပ်ခံစားရမှာကြောက်မိနေပါသည်....

........

"ကလေး.."

"ဟုတ် Hyg..."

"ကလေးအခန်းက Hyg နဲ့မျက်နှာချင်းဆိုင်က အခုနားလိုက်ဦး မနက်ဖြန်မှ ရေဆော့မယ်"

"Hyg ကလည်း အလကားသက်သက်ပိုက်ဆံကုန်အောင်လို့ အခန်းတွေကအကျယ်ကြီးတွေကို အတူတူတည်းလည်းရရဲ့သားနဲ့"

"ကလေး လွတ်လပ်အောင်လို့ပါ.."

Hobi မှာပြောသာပြောလိုက်ရတာ မချိပြုံးနဲ့သာ...သူအစကတည်းက TaeTaeနဲ့ တစ်ခန်းထဲနေမလို့ဟာကို ဟိုသကောင့်သား ယုန်အူတိုက ph လှမ်းဆက်သည်...

ကောင်လေးနဲ့တစ်ခန်းထဲမနေနဲ့နော် Hyg တဲ့ သေချာကိုပြောသွားတာမလို့ Hobi မှာ မေးချင်တာ ပါးစပ်ကိုယားလို့ရယ်....

အလုပ်ကိစ္စနဲ့လာရင်း  TaeTae ပျင်းနေမှာတွေးမိတာမို့ ခေါ်လာဖို့စဉ်းစားမိခြင်းရယ်ပါ..ဒါတောင် ဟိုလင်လင်နှစ်တွဲက ဘယ်လိုမှမအားတာမို့ရယ်..Jimin ဆို TaeTae ပါမယ်ဆိုတော့ လိုက်ချင်တာဖင်တကြွကြွနဲ့ သူ့လင်ကမခွဲနိုင်လို့သာ မလိုက်လာတာ...

တစ်ခုတော့ Hobi စိုးရိမ်မိသည်...တကယ်လို့ TaeTae အတိတ်ကိုမှတ်မိသွားရင် သူတို့ကိုမေ့သွားမှာကိုပေါ့...သူလေးမေ့သည်ဖြစ်စေ မမေ့သည်ဖြစ်စေ အခုလိုကာလလေးအတွင်းမှာတော့ တကယ်ကိုပျော်စေချင်မိပါသည်...

...........

Jungkook အိမ်ပြန်ရောက်တော့ သူပြန်အလာကိုစောင့်နေတတ်တဲ့သူလေးရှိမနေ..ရင်ထဲဟာသွားရကာ ဧည့်ခန်းဆိုဖာပေါ်ထိုင်ချလိုက်မိသည်...တစ်သက်လုံးနေလာခဲ့တဲ့အိမ်မှာ အခုကောင်လေးမရှိတာနဲ့ တစ်ခုခုလစ်ဟာနေသလိုပင်...

💜 I'm Your' Fan 💜(Completed)Where stories live. Discover now