"မောင် Yoon ရှင်းပြပါမယ်"
"မလိုဘူး "
"ဒါဆို မောင်ဖြေ Yoon ကိုချစ်သေးတယ်မလား"
Jungkook မျက်နှာအားသူမလက်နှစ်ဖက်နဲ့ဆွဲယူကာ Jungkook မျက်ဝန်းတွေအားတည့်တည့်ကြည့်ပြီးမေးလာခဲ့သည်...Jungkook ဘာဖြေရမလည်း ၆ နှစ်ကြာချစ်လာခဲ့တဲ့ အချစ်ဦးမလား....
သေချာတာက သူမကိုစိတ်နာနေတာကအမှန်ပင်...မချစ်တော့တာလည်းမဟုတ်သေးဘူး...Jungkook ကိုသူမနမ်းလာခဲ့သည်..ပထမကတော့မတုံ့ပြန်မိပေမယ့်..ဒါကသူ့အချစ်ဦးပဲလေ...
အချိန်တစ်ခုအကြာထိနမ်းနေကြရင်း နှုတ်ခမ်းတွေချင်းခွာလိုက်မှ သူမဆီကအသက်ရှုသံသဲ့သဲ့နဲ့အတူ ရယ်သံသဲ့သဲ့ပါကြားရသည်...
"တွေ့လား မောင် Yoon ကိုချစ်နေသေးတာပဲ"
"ခွင့်လွှတ်လိုက်တာမဟုတ်သေးဘူး"
"အင်း Yoon ရှင်းပြမယ် မောင်အားတဲ့တစ်နေ့ Yoon နဲ့သက်သက်တွေ့ရအောင်"
"......."
Jungkook ထွက်လာခဲ့သည်....သူမနဲ့နမ်းမိသွားပေမယ့် လွန်ခဲ့တဲ့ ၆ နှစ်ကလို ရင်ခုန်ခြင်းမျိုးမရှိတော့...
..............................
Jungkook ညဉ့်နက်အထိသောက်နေမိသည်.. အခုတလော တကယ်မွန်းကျပ်ရသည်...Soyoon နဲ့တွေ့ပြီး သူမထွက်သွားရတာ ဖေဖေ့ကြောင့်တဲ့..အားလုံးရှင်းပြလာခဲ့သည်...နောက်ဆုံးတော့ အားလုံးသူ့ဖေဖေကိုသာ နာကျည်းဖို့ဖြစ်လာခဲ့သည်ပဲ...
ဖေဖေ့ဆီသွားတွေ့ခဲ့သည်....
"ဘာသဘောလည်း ဘာလို့စိတ်တိုင်းကျလုပ်ရတာလည်း..."
"သား..."
"အခုရော ဘာလို့ပြန်ခေါ်လိုက်တာလည်း"
"ဟိုကောင်လေးနဲ့မင်းနဲ့ပတ်သက်သွားမှာမလိုလားလို့ Soyoon နဲ့ယူဖို့လုပ်လိုက် သဘောတူတယ်"
"ကျွန်တော့်အချစ်ရေးတွေအထိဝင်မပါပါနဲ့...ကျွန်တော်ထပ်မမုန်းချင်ဘူးမလို့"
Jungkook ပြောပြီးထွက်လာတော့ အနောက်ကဖေဖေ့အသံကြားရသည်.....
"ဒီတစ်ခေါက်မွေးနေ့လာမယ်မဟုတ်လား"
ESTÁS LEYENDO
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-9
Comenzar desde el principio
