Jungkook ဖွဖွလေးဖက်ပေးတော့ ဟိုဘက်ကိုရွေ့ဟန်ပြင်နေတာကြောင့် ခါးလေးကနေဆွဲကာ ပိုတိုးဖက်လိုက်တော့ နှစ်ယောက်လုံးရင်ဘတ်တွေထိကပ်ကာ ကောင်လေးဆီကအသက်ရှုထုတ်လိုက်တဲ့လေတောင် Jungkook မေးစေ့ကိုလာရိုက်ခတ်သည်အထိနီးကပ်သွားသည်....

Jungkook မျက်လုံးဝိုင်းလေးတွေနဲ့ အံ့သြနေတဲ့ကောင်လေးကိုကြည့်ရင်း

"ဒီတိုင်းလေးပဲနေနော် မဟုတ်ရင် ကိုယ်ဘာလုပ်မိမယ်မသိဘူး မင်းကို..."

Tae မျက်နှာလေးဖြန်းခနဲရဲတက်သွားသည်

...သူဘာတွေပြောနေတာလည်း ....

Tae သူ့ရင်ခွင်ထဲ ခေါင်းကိုဖွက်ကာမျက်လုံးတို့မှိတ်ထားလိုက်သည်....Jungkook သဘောကျစွာပြုံးလိုက်ရင်း...

....တကယ်ပါ မင်းကိုသဘောကျတယ်.....


Unicode....


"Jungkook"

Jungkook အကကျင့်နေရင်း PD ကခေါ်တာမလို့ အခန်းထဲလာတော့မှ

"နှုတ်ဆက်လိုက် မင်းရဲ့ ဒီဇိုင်နာအသစ်"

Jungkook ဝင်လာတုန်းကသတိမထားမိပေ...

"Jungkook တို့က Lee Soyoon ပါတွေ့ရတာဝမ်းသာပါတယ်"

သူမကမ်းပေးလာတဲ့လက်ကို Jungkook မနှုတ်ဆက်ပဲ

"ကျွန်တော် လူအသစ်ပြောင်းမယ်လို့မပြောမိဖူးဘူး ထင်တယ်"

"ဘာအဆင်မပြေဖြစ်လို့လည်း Jungkook"

Soyoon ကိုကြည့်တော့ မျက်နှာပျက်နေလေသည်...Jungkook စိတ်လျော့လိုက်ရင်း

"ဘာမှမဟုတ်ပါဘူး"

"ဒါဆို သွားလို့ရပြီ"

Jungkook ထွက်လာတော့ သူမနောက်ကနေပါလာခဲ့သည်...

"မောင်"

Jungkook ခြေလှမ်းတို့ရပ်တန့်သွားရင်း

"ဘာရည်ရွယ်ချက်နဲ့လဲ"

"ပြောပြီးပြီပဲ မောင့်အနားမှာနေချင်လို့ဆိုတာကို"

Soyoon လက်ကိုဆွဲကာ လူရှင်းတဲ့အခန်းတစ်ခုထဲခေါ်ရင်း သူမကိုယ်ကို နံရံနဲ့ပစ်ကပ်လိုက်ရင်း

"ငါကအရူးလား...ဟမ် မင်းငါ့ဆီကထွက်သွားချင်တဲ့အချိန်သွား ပြန်လာချင်တဲ့အချိန်လာရအောင် ငါ့ကိုမင်းဘာထင်နေလည်း"

💜 I'm Your' Fan 💜(Completed)Where stories live. Discover now