Jungkook ပြုံးနေတဲ့ကောင်လေးကို ဓာတ်ပုံရိုက်လိုက်တော့လှည့်ကြည့်လာရင်း
"ဘာလို့ရိုက်နေတာ"
"အွန်းးးး ရှုခင်းကလှလို့လေ"
"Aww..."
ပြန်လှည့်သွားတဲ့ကောင်လေးက တကယ်ကိုပဲ ရိုးလိုက်တာ...သူကချစ်စရာလေးမို့ ရိုက်နေတာကို..Jungkook Camera ထဲ မီးဖိုထဲဟင်းချက်နေတဲ့ကောင်လေး...စာဖတ်နေတဲ့ကောင်လေး...ခြံထဲကပန်းခြံထဲပန်းပင်လေးတွေထိတွေ့နေတဲ့ကောင်လေး...
ကောင်လေးပုံရိပ်တွေအများကြီးပြည့်နေခဲ့ပြီ...ရှုခင်းပုံကလွဲပြီးမရှိတဲ့ Jungkook Camera က အခုဆို Tae ဆိုတဲ့ကောင်လေးရဲ့ ဓာတ်ပုံတိုက်တောင်ဖြစ်လို့ရယ်....
.........................................
"Jung...Jungkook...."
Jungkook မေမေ့ဆီခေါ်လာခဲ့တာမို့ ကောင်လေးကကြောက်ကာ Jungkook အကျီစကိုဆုပ်ကိုင်ရင်း တွန့်ဆုတ်တွန့်ဆုတ်လိုက်ပါလာခဲ့သည်....
"နှုတ်ဆက်လိုက် ကိုယ့်မေမေ"
Tae ကိုမျက်စပစ်ပြနေသော Jungkook မျက်နှာကိုကြည့်မိတော့ ပြုံးနေပေမယ့် မျက်ဝန်းတို့ကနာကျင်နေဟန်...
"မင်္ဂလာပါ Jungkook မေမေ...ကျွန်တော်က TaeTae ပါ...."
"မေမေ ...သဘောကျတယ်မလား..."
Jungkook စကားကြောင့် Tae ကဖျတ်ခနဲလှည့်ကြည့်သည်..Jungkook မသိချင်ယောင်ဆောင်ရင်း..
"နောက်လည်းနှုတ်ဆက်ဖို့ လာခဲ့ပါ့မယ်"
တောင်ကုန်းမို့မို့ကနေဆင်းလာတော့ Tae လက်ကို Jungkook ကဆုပ်ကိုင်ထားခဲ့သည်...ကြောက်တတ်တဲ့ကောင်လေးက မသွားချင်ဘူးလို့ပြောတာကို တံတားပေါ်ကနေ ဒီထိခေါ်လာခဲ့မိခြင်းပင်...နေ့လည်တွေလာလို့မရပေ...
ကောင်လေးကိုသတိထားမိနိုင်သလို သတင်းတွေထဲတက်လာမှာ သူသဘောမကျ...
"ကြောက်နေသေးလား"
ကားပေါ်ရောက်တော့ Jungkook က ခါးပတ်ပတ်ပေးရင်းမေးလာခဲ့သည်...နီးကပ်နေတဲ့မျက်နှာနှစ်ခုကြောင့် နှစ်ယောက်လုံးရင်ခုန်သံတွေကထိန်းမရ
"နည်းနည်းပါ.."
"အင်း အခုမကြောက်နဲ့တော့ ကိုယ်ရှိတာမလို့..ပြန်ရအောင်"
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-9
Start from the beginning
