အခုတလော Soyoon ကိစ္စကြောင့် ကောင်လေးကိုဟိုတစ်နေ့ကအော်မိတာ ခုထိမတောင်းပန်ရသေးပေ..Jungkook အခန်းပြန်ရေချိုးပြီးမှ အမူးပြေတစ်ခုခုသောက်ရင်း ကောင်လေးကိုတောင်းပန်ဖို့ထွက်လာခဲ့သည်....
တံခါးလာခေါက်တာမလို့ Tae အိပ်ဖို့ပြင်နေရင်း လာဖွင့်တော့ Jungkook ရယ်..
"ကောင်လေး...အဲ့နေ့ကကိစ္စအတွက်တောင်းပန်ပါတယ်"
"ရပါတယ် မတောင်းပန်ပါနဲ့ ကျွန်တော်မှားတာပါ Jungkook ပစ္စည်းကို မသိပဲကိုင်မိတာ"
"ကျစ်...အဲ့လိုသဘောမဟုတ်ဘူး"
"နားလည်ပါတယ် ကျွန်တော်အိပ်တော့မလို့ ကိစ္စမရှိရင်..."
" ခေါင်းနောက်နေတာ ကိုယ်သံပုရာရည်သောက်ချင်လို့ ဖျော်ပေးနိုင်မလား"
Tae ခေါင်းငြိမ့်ကာ Bathrobe နဲ့ Jungkook ကို တိုးတိုက်ရင်းထွက်လာခဲ့သည်..Jungkook ပြုံးလိုက်မိသည်...ညအိပ်အကွက်ဝမ်းဆက်ပွပွနဲ့ကောင်လေးကတကယ် ပိစိလေး..အနားကဖြတ်သွားတာတောင် စတော်ဘယ်ရီကိုယ်သင်းနံ့လေးက သင်းခနဲ....
"ရပြီ"
Jungkook ရှေ့ရောက်လာတဲ့အအေးခွက်ကိုကောက်သောက်ရင်း
"အချိုလိုတယ် ပြင်ပေးနိုင်မလား"
Tae ဘာမှပြောမနေ အအေးခွက်ယူလာကာ ပြန်ပြင်ပြီးပေးမိသည်...
"တအားချိုသွားသလိုပဲ အချဉ်ထပ်ထည့်ပေးဦး"
Tae နောက်တစ်ခေါက်...
ဒီလိုနဲ့ Jungkook ကောင်လေးကို စနေမိတာငါးခေါက်မြောက်လာခဲ့သည်..ဒီကောင်လေးဘယ်လောက်ထိစိတ်ရှည်တတ်ပါလိမ့်...
နောက်တစ်ခေါက်ထသွားမယ့်လက်လေးကိုဆွဲကာ
"မင်းစိတ်မတိုတတ်ဘူးလား"
"တိုတတ်တာပေါ့ Jeon Jungkook Shii....ကျွန်တော့်ကို ရစ်နေတာ ခင်ဗျားမို့လို့ပေါ့"
Jungkook ရယ်လိုက်ရင်း ကောင်လေးလက်သေးသေးကိုဖျစ်ညှစ်ကာ
"သွားစရာရှိတယ် လိုက်ခဲ့မလား"
Tae ဘာမှမပြောတော့ Jungkook ခေါ်ရာနောက်ပါလာခဲ့သည်...ဟန်မြစ်ကမ်းပေါ်ကတံတားပေါ်ကနေ Seoul တစ်မြို့လုံးကိုကြည့်ရင်း Tae စိတ်ကြည်လာခဲ့သည်...
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-9
Start from the beginning
