Jeon စံအိမ်နဲ့ သူမတို့အိမ်က ခြံနားနီးခြင်းပင်ဖြစ်သည်...သူမတို့က Jeon မိသားစုလိုမချမ်းသာပေမယ့် အသင့်အတင့်ထဲတော့ပါပါသည်..ငယ်ငယ်လေးကတည်းက တစ်ဦးတည်းသောသားမောင်က သူမနဲ့လာဆော့တတ်သည်...

အဲ့လိုကနေ အရွယ်ရောက်ရင် လက်ထပ်ကြမယ်လို့ကတိထားကြရင်း သူမက ၁၈ နှစ် မောင် ၁၆ နှစ်မှာ မောင့်ဖေဖေ ဦးလေး Jeon က သူမကိုနိုင်ငံခြားမှာပညာသင်စေခဲ့သည်..တနည်းအားဖြင့် သူ့သားနဲ့ခွဲနည်းတစ်မျိုးပေါ့...

မောင်ကမသွားပါနဲ့လို့ ပြောပေမယ့် သူမကတိုးတက်ချင်သည်..ပြီးရင် ပြန်လာပြီး မောင်နဲ့လက်ထပ်ဖို့ အဆက်အသွယ်မလုပ်ရဘူးဆိုတဲ့စကားကို နားထောင်ရင်း မောင့်ကိုလွမ်းတဲ့အခါ Idol ဖြစ်နေတဲ့ မောင့်ရဲ့တစ်နေ့တာသတင်းလေးတွေပဲကြည့်ရင်းဖြေသိမ့်ရသည်...

အခုသူမလည်း နာမည်ကြီး ဒီဇိုင်းနာတစ်ယောက်ဖြစ်ခဲ့ပြီ...အခုမောင့်ဆီပြန်လာခဲ့ပြီ...မောင်လည်း သူမကိုချစ်နေဦးမယ်လို့ ယုံကြည်နေမိသည်...Dating သတင်းမထွက်တာ သူမကိုမမေ့သေးလို့ပဲမလား...

"စောင့်နေသေးတယ်မလား မောင် Yoon ပြန်လာပြီမောင့်ဆီ"

..........................

Tae အရှေ့မှလူကြီးကို ကြည့်ကာ တံတွေးမျိုချနေရသည်..ကြောက်လို့ပါ ...Jungkook မရှိတာကြောင့် Tae တစ်ယောက်ထဲရှိနေတုန်း ဒီလူကြီးကလာခဲ့တာ...

"ကောင်လေး"

"ဟုတ်..ဟုတ်ကဲ့ Jungkook ဖေဖေ"

Jungkook ဖေဖေဆိုတဲ့အသံကြောင့် Mr.Jeon အရှေ့ကထိုင်နေတဲ့ ဖြူဖြူသေးသေးကောင်လေးကိုကြည့်လိုက်မိသည်...

သူစုံစမ်းရသလောက် ဒီကောင်လေးက Korea ကိုလာတဲ့ မြန်မာနိုင်ငံကကျောင်းသားတွေထဲကမှ လေယျာဉ်ပျက်ကျရင်း တစ်ဦးတည်းအသက်ရှင်ကျန်သူ...အတိတ်မေ့နေကာ သားတော်မောင်က ကယ်တင်ထားတယ်လို့သိရသည်...

"Jungkook ကိုဘယ်လို သဘောရလည်း"

"ဗျာ"

"ငါပြောတာမရှင်းလို့လား"

"ဟို ဘာကိုမေးတာလည်း မသိလို့ပါ ဘာလိုဘယ်လိုသဘောရရမှာလည်းဟင်..."

💜 I'm Your' Fan 💜(Completed)Where stories live. Discover now