"ကောင်လေး"

Jungkook ခြေလှမ်းကျဲကြီးတွေနဲ့ ကောင်လေးနားရောက်သွားကာ လက်ထဲကခွက်ကိုလုယူလိုက်ရင်း

"ဒီခွက်ကို မထိနဲ့ ....ဒါဘယ်ကတွေ့တာလည်း"

Tae ကို Jungkook အော်လိုက်တာမလို့ ကိုယ်လေးတုန်သွားရင်း

"ဟို..."

"ထွက်သွား"

"............."

Jungkook ကောင်လေးထွက်သွားမှ ခွက်ကိုကြည့်လိုက်မိသည်...အသည်းတစ်ခြမ်းပုံနဲ့ခွက်လေးက နောက်တစ်ခွက်နဲ့ဆက်ရင် အသည်းပုံတစ်ခုဖြစ်ရာ ဘယ်လိုပဲကြည့်ကြည့် couple cup ပဲဖြစ်သည်...

"ခွမ်း...."

နံရံကိုပစ်ပေါက်ကာခွဲလိုက်ရင်း

"Lee Soyoon...."

Tae အခန်းထဲရောက်တော့မှ မျက်ရည်တို့ကျလာခဲ့သည်...Jungkook ဆီကတစ်ခါမှ အော်မခံရဖူးလို့ပဲဖြစ်မည်...စိတ်တိုနေတဲ့ Jungkook ကိုကြောက်သည်...ပြီးတော့ ဘာလို့စိတ်တိုရတာလည်းတဲ့.. ခွက်လေးတစ်ခွက်ပဲဟာကို ဘာဖြစ်သွားမှာလည်း...






Unicode.......

အပ်ကျသံပင်မကြားရအောင်တိတ်ဆိတ်နေတဲ့အခန်းအတွင်း လှပချောမောတဲ့ကောင်မလေးတစ်ယောက်နဲ့ Sky Group ရဲ့ CEO တို့ရှိနေလေသည်....

"ဦးလေး Jeon က ဘာလိုချင်လို့လည်း Yoon ကိုထွက်သွားခိုင်းလိုက်ပြန်လာခိုင်းလိုက်နဲ့"

"အရင်ကထွက်သွားခိုင်းတာက သားနဲ့သဘောမတူလို့မဟုတ်ပါဘူး သားကအရွယ်မရောက်ခင် အချစ်ရေးမှာနစ်မွန်းနေမှာကို မမြင်ချင်လို့...အခုက အချိန်တန်ပြီလေ အရင်လိုသားရဲ့စိတ်ကို ပိုင်ဆိုင်နေသေးတယ်ဆို သမီးလက်ထပ်လိုက်ပါ ခွင့်မပြုစရာမရှိဘူး"

Soyoon ပြုံးလိုက်မိသည်...ဒီအချိန်ထိရောက်အောင် မောင့်ကို ဘယ်လောက်တောင်လွမ်းခဲ့ရလဲ...

"ဟုတ်ကဲ့ ဒါဆို အခု Yoon ဒီမှာပဲပြန်လာနေတော့မယ်နော် ဦးလေး Jeon "

"ကောင်းပါပြီ သမီး"

Yoon အိမ်ပြန်လာတော့ အခန်းထဲထိုင်ကာ အရင်ကမောင်နဲ့ကလေးဘဝကအမှတ်တရတွေကိုစဉ်းစားကာပြုံးနေမိသည်...အခုဆိုမောင်က ကမ္ဘာကျော် Idol တောင်ဖြစ်လို့...

💜 I'm Your' Fan 💜(Completed)Where stories live. Discover now