...........................

"ပြော မင်းကို ဘာတွေလာပြောသွားတာလည်းဆိုတာ"

အိမ်ပြန်ရောက်ရောက်ချင်း Tae အခန်းထဲလာကာ Tae ကိုမေးနေတဲ့ Jungkook

"Jungkook နဲ့ ကျွန်တော်က ဘယ်လိုအခြေအနေလည်းတဲ့ ...ဘယ်လိုမှမဟုတ်ဘူးလို့ပြောလိုက်တယ်"

"အဲ့တာပဲလား"

"ဟုတ်"

"အင်း"

Jungkook အိပ်ရာပေါ်လှဲချရင်း စဉ်းစားနေမိသည်..ကောင်လေးကိုလာတွေ့တဲ့အထိဆိုတော့ ဖေဖေက သူ့အကြောင်းအားလုံးသိနေတဲ့သဘောပဲ...ဒါပေမယ့် သားဖြစ်တဲ့သူ့ကိုကျတစ်ခါမှခေါ်ပြီးမပြောပေ...သူကလည်း ဖေဖေ့မွေးနေ့ကလွဲလို့ တစ်ရက်မှအိမ်ပြန်တာမဟုတ်...

ဒေါ်ကြီး Ph ဆက်တုန်းက ကောင်လေးကိုစိတ်ပူတဲ့အပြင်ဖေဖေ့ကိုပါ စိတ်တိုမိသည်..အခုက ဒီတိုင်းလာရုံပဲတော့မဖြစ်နိုင်..

"Baby I'm falling....."

"Hello"

"မောင်...."

Jungkook တစ်ကိုယ်လုံးတောင့်တင်းသွားလျှက်

"Yoon ပြန်လာပြီ မောင်...Yoon မောင့်နားမှာနေဖို့အပြီးပြန်လာခဲ့တာ"

"အဟက် မင်းဘာမင်းပြန်လာလာထွက်သွားသွား မင်းသဘောပဲ ငါနဲ့ဘာဆိုင်လို့လည်း"

"မောင် ပြောင်းလဲသွားတယ်နော်"

"ဘယ်သူလုပ်ခဲ့တာလည်း"

"Yoon ရှင်းပြပါ့မယ် မောင်ရယ်..Yoon လေ..."

"တော်တော့ Lee Soyoon ငါမကြားချင်တာမလို့ ထပ်ပြီးမဆက်သွယ်ပါနဲ့"

Jungkook ph အားပေါက်ခွဲပစ်လိုက်သည်...ဒေါသထွက်လိုက်တာ ထွက်သွားချင်တိုင်းသွား ပြန်လာချင်တိုင်းလာရအောင် သူကဘာလည်း...

"သောက်ရူးလိုပဲ...Shit..."

Jungkook အရက်သောက်ချင်တာမလို့ ထမင်းစားခန်းထဲလာတော့ ကောင်လေးမအိပ်ပဲ တစ်ခုခုလုပ်နေတာတွေ့ရသည်

"ကောင်လေး မအိပ်သေးဘူးလား"

"အင်း Jungkook အိပ်မပျော်လို့ နွားနို့သောက်မလို့"

Jungkook သူ့ဘက်လှည့်လာမှ ကောင်လေးလက်ထဲက ခွက်ကိုမြင်တော့သည်...

💜 I'm Your' Fan 💜(Completed)Where stories live. Discover now