"စောင့်နေသေးတယ်မလား မောင် Yoon ပြန်လာပြီမောင့်ဆီ"

..........................

Tae အရှေ့မှလူကြီးကို ကြည့်ကာ တံတွေးမျိုချနေရသည်..ကြောက်လို့ပါ ...Jungkook မရှိတာကြောင့် Tae တစ်ယောက်ထဲရှိနေတုန်း ဒီလူကြီးကလာခဲ့တာ...

"ကောင်လေး"

"ဟုတ်..ဟုတ်ကဲ့ Jungkook ဖေဖေ"

Jungkook ဖေဖေဆိုတဲ့အသံကြောင့် Mr.Jeon အရှေ့ကထိုင်နေတဲ့ ဖြူဖြူသေးသေးကောင်လေးကိုကြည့်လိုက်မိသည်...

သူစုံစမ်းရသလောက် ဒီကောင်လေးက Korea ကိုလာတဲ့ မြန်မာနိုင်ငံကကျောင်းသားတွေထဲကမှ လေယျာဉ်ပျက်ကျရင်း တစ်ဦးတည်းအသက်ရှင်ကျန်သူ...အတိတ်မေ့နေကာ သားတော်မောင်က ကယ်တင်ထားတယ်လို့သိရသည်...

"Jungkook ကိုဘယ်လို သဘောရလည်း"

"ဗျာ"

"ငါပြောတာမရှင်းလို့လား"

"ဟို ဘာကိုမေးတာလည်း မသိလို့ပါ ဘာလိုဘယ်လိုသဘောရရမှာလည်းဟင်..."

Mr.Jeon ပင် ခေါင်းကိုက်လာရသည်...

"မင်းမသိဘူးလား အခုမင်းနဲ့ Jungkook နဲ့ဘယ်လိုအခြေအနေရှိလည်း"

"ဟို သားတို့ကဒီတိုင်းပါပဲ "

Mr.Jeon သွေးတောင်တိုးချင်သွားသည်...တော်ပါပြီ ကြည့်ရသလောက် အဖြူထည်လေး ဘာမှသိမည်မဟုတ်ပေ..အခုထိ သားတော်မောင်နဲ့ဘာသတင်းမှမကြားသေးတာမို့ လွှတ်ထားပေးဖို့သာ စဉ်းစားမိသည်..အခုလည်း Soyoon ပြန်လာပြီပဲမဟုတ်လား..ပူစရာမလိုတော့ပါဘူး....

"သတိထားနေပါ ငါ့သားနဲ့သတင်းထွက်လို့ကတော့ မင်းကိုတစစီလုပ်ပစ်မယ် ကြားလား"

"ဟုတ်ကဲ့ Jungkook ဖေဖေ"

Tae လည်း Jungkook ဖေဖေထွက်သွားတော့မှ သက်ပြင်းလေးချလိုက်မိသည်...ဘာကြောင့်လာတယ်ဆိုတာ သူသိသည်...သူအရင်လိုမအတော့ပေ...မျက်စိရှေ့မှာ Namjoon Hyg တို့ Yoongi Hyg တို့အတွဲတွေကိုလည်းတွေ့နေရတာကြောင့် Jungkook ဖေဖေမေးလာတဲ့စကားတွေကို သူသိပါသည်...

သူ့သားနဲ့မနီးစပ်စေချင်လို့ လာပြောတာမှန်း Tae သိပါသည်...Tae လည်းသတိနဲ့နေပေမယ့် အချိန်တန်ရင်ထွက်သွားရမယ့်လူဆိုပေမယ့် Jungkook ကိုတစ်နေ့တခြား ခင်တွယ်လာတာကို ကြောက်မိသည်...ချစ်မိသွားခဲ့မှာ ပိုတောင်ကြောက်မိသည်...တကယ်လို့အချစ်ကအဲ့လူအနားမှာ ဒီတိုင်းလေးရှိနေရတာတောင် ကျေနပ်နေမိတယ်ဆို သူ Jungkook ကို.........

💜 I'm Your' Fan 💜(Completed)Where stories live. Discover now