Hotel ပြန်ရောက်တော့ ည ၁၀ နာရီ မနက်ဖြန်တန်းပြန်မှာမလို့ Jungkook အထုတ်တွေသိမ်းမလို့လုပ်ရင်း ရေချိုးခန်းထဲကအော်သံကြောင့်အပြေးအလွှားသွားမိသည်...
"ကောင်လေး"
ကောင်လေးက ရေချိုးပြီးလို့ Bathrobe ထယူပုံရကာ အခုကချော်လဲပြီး ကြွေဇလုံထဲမှာကားယားပက်လက်လေးညှပ်နေလေသည်...တစ်ကိုယ်လုံးဘာမှမပါတာမို့ Jungkook တအံ့တသြကြည့်နေရင်းမှ သတိရကာ မျက်နှာလွှဲမိသည်...
"အဟင့် အင့်..."
ငိုနေတဲ့ကောင်လေးကြောင့် ရှက်နေတာသိရတာမလို့ Jungkook အခန်းပေါက်ပြန်ထွက်ရင်း
"ခနလေး ကိုယ့် Bathrobe ယူလာပေးမယ်"
"ဟင့်အင်း စောင်ယူလာခဲ့ တန်းမလဲဘူးနော် Jungkook"
Jungkook ထွက်သွားတော့ Tae ရှက်လို့ပိုငိုနေမိသည်...ရေချိုးပြီးလို့ ရေချိုးဝတ်လဲမလို့လှမ်းယူတာ သတိမထားမိဘဲ ရေချိုးကန်ထဲ ကန့်လန့်ကျတာမလို့ လက်ကကိုင်ထားတဲ့အဝတ်ရောအကုန်ပြုတ်ကျကာ လူက ခြေထောက်ရောလက်ပါကားယား...
တင်ပါးလုံးလုံးတွေကြောင့် မနာပေမယ့် ချောနေတာမို့ ထမရ လူကညှပ်နေတာမို့ ဘယ်လိုမှလှုပ်မရတော့ Jungkook က Tae အော်သံကြောင့် ပြေးလာပုံရသည်...ဘယ်လိုပဲယောကျာ်းလေးချင်းဆိုပေမယ့် Jungkook ရှေ့မှာတော့ ရှက်ပါသည်...
"ကောင်လေး"
သူပြောသလို စောင်ကိုကွယ်ကာ တစ်လှမ်းချင်းလာနေတဲ့ Jungkook ရယ်ပါ...
"Jungkook ဖြည်းဖြည်းလာ ချော်လဲမယ် ကျွန်တော်ဒီမှာ..."
Jungkook ကောင်လေးအနားရောက်သွားတာမို့ စောင်နဲ့ကိုယ်လုံးလေးကိုပတ်ကာပွေ့ချီလိုက်ရင်း ကုတင်ပေါ်ချပေးမိသည်...
မျက်နှာလေးပဲဖော်ကာ တစ်ကိုယ်လုံးစောင်ဖြူဖြူနဲ့ထုတ်ထားတာမို့ ပိုးတုံးလုံးလေးလို လုံးလုံးလုံးလုံးနဲ့ ချစ်စရာလေးရယ်ပါ...Jungkook စချင်လာတာကြောင့်..
"ဘာလို့ငိုတာ..."
"ငိုပါဘူး..."
"ငိုပါတယ် ကိုယ့်ကိုဘာလို့ရှက်တာလဲ.."
Jungkook ပြောမှ နှုတ်ခမ်းရဲလေးက မဲ့ကာငိုမဲ့မဲ့ဖြစ်လာတော့သည်... ချက်ချင်းပင် မျက်ရည်တွေပြည့်အိုင်လာတဲ့ မျက်ဝန်းဝိုင်းလေးတွေကြောင့် Jungkook တောင်ထပ်မစဖို့တွေးလိုက်မိကာ..
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-7
Start from the beginning
