ကောင်လေးကိုကြည့်မိတော့ Jungkook ကိုမျက်နှာချိုသွေးကာ ဟီးခနဲရယ်ပြလာသည်...

"တော်ပြီ ငါမစားဘူး"

"စားစမ်းပါ ဖေ့သားရာ ပြီးမှ Tae လေးကို ထပ်လုပ်ပေးဦးဆိုလို့ ကတော့မင်းကိုဖနောင့်စာပဲကျွေးမယ်"

Hobi က အော်ပြောလာတာမို့ Jungkook လည်းကောင်လေးကို အားနာတာနဲ့ ယူစားတော့

"ဟင်"

"ဘယ်လိုလဲ"

Yoongi Hyg က မေးလာသည်...Jungkook နောက်တစ်ဇွန်းစားကြည့်တော့ တကယ်ကောင်းသည်...စပ်ပေမယ့် တစ်ဖွဲ့လုံးအစပ်စားနိုင်တော့ ကိစ္စမရှိပေ...

"ကောင်းတယ်"

"တွေ့လား ဖေ့ကိုကျေးဇူးတင်နော် မနည်းချန်ထားရတာ"

"ချီး ဖေ့ပါလား"

"ဟားဟား"

ဧည့်ခန်းတစ်ခုလုံးရယ်သံတွေလွှမ်းခြုံနေလျက်ပင်...

"ကဲ လာပါပြီ နောက်တစ်မျိုး"

Tae လည်း လက်ဖက်သုတ်ပန်းကန်ရှေ့ချကာ ကောက်ညှင်းလက်ဖက်ခြောက်မွှေးမွှေးခတ်ထားတဲ့ ဓာတ်ဘူးနဲ့ ခွက် ၇ ခွက်ကိုလိုက်ငှဲ့ထည့်ပေးရင်း

"ဒီနှစ်ခုက အရမ်းလိုက်တာ အစပ်မထည့်ထားဘူး ဒါလေးစားလိုက် ဒီရေနွေးလေးသောက်လိုက်လုပ်ကြည့်"

Tae လေးစကားအဆုံး အကုန်လုံး ထိုပန်းကန်နားဝိုင်းအုံလာရင်း စားလိုက် ရေနွေးပူပူသောက်လိုက်နဲ့ တကယ့်စည်းစိမ်ကို ခံစားနေကြသည်...ညကျခံစားရမယ့် ဒုက္ခကိုမသိကြရင်းပေါ့....

Tae ကတော့ တည့်သည်မတည့်သည်မသိ ကိုယ်တိုင်ဈေးဝယ်ရင်း လုပ်တတ်တဲ့အစားအစာမျိုးရှိရင် ဝယ်လာခဲ့တာပင် နည်းနည်းဈေးကြီးတာကလွဲလို့ပေါ့..

...........

Yoongi တို့အိမ်တွင်ဖြစ်သည်...

"Min Yoongi ခင်ဗျား အခုချက်ချင်းထွက်နော် မထွက်လာရင် ခင်ဗျားနဲ့ကျွန်တော်နဲ့အပြတ်ပဲ အား မရတော့ဘူး"

"မင်လေးကလည်း ကိုယ်တကယ်ဝမ်းလျှောနေလို့ပါ...အောက်ထပ်မှာသွားတက်လိုက်ပါကွာနော်"

"အောက်ထက်ထိသွားလို့မရလို့ပေါ့ သေနာကြီးရဲ့ အာ့ အခု ထွက်ခဲ့နော် ခင်ဗျားးးးး"

💜 I'm Your' Fan 💜(Completed)Where stories live. Discover now