အသက်ရှင်နေကြောင်း Jungkook က ပြောပြချင်ပေမယ့် ဘယ်လိုဆက်သွယ်ရမယ်မသိ..အခုစိုးရိမ်လာမိတာက ကောင်လေးသတိပြန်ရတဲ့အခါ သူနဲ့အရာအားလုံးကိုမေ့သွားမှာ စိုးရိမ်နေမိသည်...
သံယောဇဉ်တွေမတွယ်ဖြစ်အောင် သတိထားပါရဲ့နဲ့ ကောင်လေးရဲ့ဖြူစင်ခြင်းတွေအောက် ရုန်းမထွက်နိုင်...သူငယ်ချင်းတွေကလည်း Boy to Boy အတွဲတွေမို့ Jungkook အတွက်အချစ်က မိန်းကလေးဖြစ်မှရယ်လို့သတ်မှတ်ထားခြင်းမရှိခဲ့ပေ...
တစ်စုံတစ်ယောက်အတွက်ကလွဲရင် သူ့ရင်ထဲကနှလုံးသားကမခုန်ခဲ့တာကြာခဲ့ပေမယ့် အခုကောင်လေးကြောင့်ဖြစ်လာရတဲ့ရင်ခုန်သံတွေကို သူကိုယ်တိုင်ပါလက်ခံမိသည်အထိ ကြားခဲ့ရပြီ...အချစ်လို့တော့ စောစီးစွာကောက်ချက်မချချင်သေးပေ...
သူငယ်ချင်းတွေကပါ သံယောဇဉ်တွယ်ရင် ခွဲခွာရတဲ့အခါ ဝမ်းနည်းရမှာစိုးတာကြောင့် Jungkook တားချင်ခဲ့ပေမယ့် မရတော့ပေ...ကောင်လေးကို အားလုံးကဝိုင်းချစ်ကြသည်...
"Baby I'm falling....."
"အွန်း ပြော..."
"ချီး အမြန်လာဟ သေနာလေးရဲ့ ကုန်တော့မှ အရင်ကလိုငါ့အတွက်မကျန်ဘူးမလုပ်နဲ့နော် မင့်ကိုကြီးတို့က မင်းအတွက်ချန်မယ့်သူတစ်ကောင်မှမပါဘူး..."
တစ်ဖက် Jimin ရဲ့တရစပ်ပေါက်ပေါက်ဖောက်သံကြောင့် နားတောင်အူသွားရသည်...ကောင်လေးပြောတဲ့ သဘောင်္သီးအစိမ်းသုတ်ဆိုလား ဘာလား အဲ့တာနေမှာ...
Jungkook ကိုစောစောပြန်လာခိုင်းတာကြောင့် Hyg ကိုပြောပြီး ညနေ ၆ နာရီပြန်လာခဲ့သည်...Jungkook ရောက်တော့ တစ်အိမ်လုံးလည်း ငါးနံ့လိုလို ပုစွန်နံ့လိုလို နံဟောင်နေကာ ဟိုကောင်ငါးကောင်လုံးကတော့ TV ရှေ့မှာ ပုံဆိုးပန်းဆိုး လျှာတစ်လစ်တွေနဲ့ တရှုးရှူးတရှဲရှဲဖြစ်နေကြသည်...
"Jungkook"
"မင်းတို့ကဘာတွေဖြစ်နေကြတာလည်း"
"စပ်လို့ကွ ဟျောင့်ရ"
"စပ်ပေမယ့် ကောင်းတယ် မင်းစားကြည့်မင်းအတွက်သက်သက်ခွဲထားတယ်"
Jungkook ကို Jimin က စားပွဲပေါ်က ပန်းကန်ကိုလက်ညှိုးထိုးပြလာသည်...
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-7
Start from the beginning
