"ဘာလို့ငိုတာ..."
"ငိုပါဘူး..."
"ငိုပါတယ် ကိုယ့်ကိုဘာလို့ရှက်တာလဲ.."
Jungkook ပြောမှ နှုတ်ခမ်းရဲလေးက မဲ့ကာငိုမဲ့မဲ့ဖြစ်လာတော့သည်... ချက်ချင်းပင် မျက်ရည်တွေပြည့်အိုင်လာတဲ့ မျက်ဝန်းဝိုင်းလေးတွေကြောင့် Jungkook တောင်ထပ်မစဖို့တွေးလိုက်မိကာ..
"အာ ကိုယ်ဘာမှ မမြင်ပါဘူး"
"Jungkook....အင့်"
"ဟာ မငိုနဲ့ မငိုနဲ့ အဝတ်လဲတော့နော် ကိုယ်အပြင်ထွက်ပေးမယ်"
Tae တကယ်ပဲ ထွက်သွားပေးတဲ့ Jungkook ကျောပြင်ကိုကြည့်ပြီး နှာခေါင်းလေးရှုံ့လိုက်မိသည်...
"ငါလို့မပြောတော့ဘူး တစ်ကိုယ်ကိုယ်နဲ့ တကယ်ပဲ သူမို့ အာရဲလျှာရဲ"
ဒါပေမယ့် Tae ပြုံးနေမိတာ Tae ပဲသိသည်...အဲ့လိုပဲ အခန်းအပြင်ကတံခါးဝမှာ ပြုံးရယ်နေတဲ့ ယုန်ဗလကြီးတစ်ကောင်လည်းရှိပါသေးသည်.....
......................
ပြန်ရောက်တာနဲ့ Jungkook ကအလုပ်တွေမအားပေမယ့် Tae ကတော့ သာယာနေလေသည်...Jimin Hyg တို့ရဲ့အိမ်လိုက်လည်လိုက်...Namjoon Hyg တို့အိမ်လိုက်လည်လိုက်နှင့်ပင်...ဒီကြားထဲ Hobi Hyg ကပါ Tae ကိုလာလာခေါ်ကာ Tae စားချင်တာတွေမှန်သမျှ ဝယ်ကျွေးပြီး သွားချင်တာမှန်သမျှ လိုက်ပို့ပေးသည်.....
ဒီနေ့လည်း Jungkook အိမ်မှာ အားလုံးဆုံကာ ကောင်လေး က သဘောင်္သီးအစိမ်းတွေဝယ်လာခိုင်းသည်...ဟိုငါးကောင်ကလည်း ကောင်လေးလုပ်ကျွေးတဲ့စားစရာမှန်သမျှ အသေမျိုသည်...ဘယ်တော့မှ Jungkook အတွက်မကျန်..နောက်ကျရင်ငတ်ပဲ...
ဟို သာကူစေ့တွေနဲ့ဘာလား ကျိုတုန်းကဆို အရမ်းကောင်းတာမို့ နှစ်အိုးတောင်ကျိုရသည်...Shabu Shabu နဲ့ပုံစံတူတဲ့ ငါးနဲ့ချက်တဲ့ဟင်းရည်လည်း သူတို့အကုန်သောက်တာပင်...ကောင်လေး က သူသာအစပ်မစားနိုင်တာ ချက်ကျွေးသမျှဟင်းတွေက အကုန်စပ်သည်..
Jungkook တို့တောင် မြန်မာနိုင်ငံသားတွေက အစပ်ဆိုတော်တော်စားနိုင်မှာပဲလို့ ပြောယူရသည်အထိ...Jungkook တစ်ခါတစ်လေတွေးမိသည်..ဒီကောင်လေးက ဒီလောက်ချစ်စရာကောင်းတာ သူနဲ့အဆက်အသွယ်မရတဲ့သူ့မိသားစုဆို အရမ်းချစ်မှာအမှန်ပင်...
VOCÊ ESTÁ LENDO
💜 I'm Your' Fan 💜(Completed)
Fanficဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-7
Começar do início
