ဒီကြားထဲ Eunhan မေမေကတစ်မှောက်ရယ် Jungkook ဖေဖေရဲ့ ညီမလို့မပြောရ...တအားခေါင်းမာသည်...သားဖြစ်တဲ့သူ့ထက် သူ့တူကိုပိုချစ်နေတာသာကြည့်တော့...အေးဆေးလေးဒေါက်တာလုပ်ရမယ့်သူက အခုတော့ ညီတော်မောင်နောက် တကောက်ကောက်လိုက်နေရသည်...

ရထားတဲ့ဆရာဝန်ဘွဲ့ကိုအားနာဖို့သင့်ကြောင်း...ဆေးထိုးအပ်ကိုင်နည်းတောင်မေ့တော့မှာဖြစ်ကြောင်း မေမေ့ကိုပြောပေမယ့် မောင်နှမနှစ်ယောက်ပေါင်းကာ Jungkook ကိုသာစောင့်ရှောက်ဖို့အမိန့်ချသည်...

ကားနောက်ခန်းက ညီတော်မောင်ကတော့ အိပ်နေတာများ ယုန်သွားနှစ်ချောင်းတောင်ပေါ်လို့...ကိုယ့်မှာသာ သူ့အဖေကြီးလိုအကုန်လိုက်လုပ်ပေးနေရသည်..

"ဒင်းပဲ အေးချမ်းတယ်...ဒင်းပဲ"

Eunhan တိုးတိုးပြောလိုက်ရင်း Hotel ရောက်ဖို့သာ အမြန်မောင်းလာမိသည်...
ပြောမယ့်သာပြောတာပါ တစ်မျိုးလုံးတစ်ဆွေလုံးမှ ညီအစ်ကိုလေးနှစ်ယောက်သာရှိသည်မို့ တစ်ဝမ်းကွဲဆိုပေမယ့် အရင်းထက်တောင်ချစ်ပါသည်...ဒီညီလေးပျော်ရမယ်ဆိုရင် Eunhan တို့က ဘာမဆိုလုပ်ပေးမှာပင်......

.................

Tae Hoodie အပြာနုရောင်လေးနဲ့ ဂျင်းဘောင်းဘီအနက်လေးဝတ်ကာ ပြင်ဆင်ချင်းကိုအဆုံးသတ်လိုက်သည်...Jungkook ကအပြင်လည်ဖို့လိုက်ပို့ပေးမှာကြောင့်ဖြစ်သည်...

"ကောင်လေး"

Jungkook ဝင်လာတာမို့ Tae ပြုံးပြလိုက်ရင်း

"ပြီးပြီမလား သွားရအောင်"

"ဟုတ်"

Tae Jungkook ကိုကြည့်မိတော့ တစ်ကိုယ်လုံးအနက်ဝတ်ထားတာ ဦးထုပ်အနက်ရောင်ခပ်ဝိုင်းဝိုင်းကိုလည်းမျက်လုံးများအုပ်အောင်ဆောင်းထားသေးသည်....

...အင်းပေါ့ အခြားသူမှမဟုတ်တာ Jungkook မဟုတ်လား ....

Tae တို့လမ်းပေါ်မှာ တွေ့သမျှဆိုင်ဝင်စား တွေ့သမျှတီးဝိုင်းတွေနားထောင်ရင်း Jungkook ကသာမာန်လူတွေလို လွတ်လပ်စွာပျော်ရွှင်နေတော့သည်...
ရေပန်းနားလမ်းလျှောက်တော့ Jungkook က Tae လက်ကိုလာဆွဲကာ လက်ချောင်းလေးတွေချင်းဆုပ်ကိုင်ထားရင်း

💜 I'm Your' Fan 💜(Completed)Where stories live. Discover now