သားက ကောင်လေးတစ်ယောက်ကိုရင်ခွင်ထဲဖက်ထားကာ ဒေါသတကြီးတစ်ဖက်လူတွေကိုပြောဆိုနေတာမျိုး သူအခုမှ မြင်ဖူးခြင်း...ပြီးတော့ သားသူငယ်ချင်းတွေက အကုန်လုံးသူ့အရည်အချင်းနဲ့သူကြိုးစားတဲ့ကလေးတွေဆိုပေမယ့် လိင်တူယူထားကြတာမို့ သူသိပ်ဘဝင်မကျပေ...သူ့သားကိုတော့ သူအဲ့လိုအဖြစ်မခံနိုင်ပေ...
သားဖက်ထားတဲ့ကောင်လေးကို သူစုံစမ်းရတော့မည်..သူထင်သလိုဟုတ်ခဲ့ရင် ကောင်လေးကိုသတ်ပစ်ဖို့လည်းသူဝန်လေးနေမှာမဟုတ်...သူက Korea ရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်မဟုတ်လား...ငွေရှိရင်ဘာမဆိုဖြစ်နိုင်သည်ပဲလေ.....
................
Jungkook rehearsal ပြီးတာနဲ့ Hotel ပြန်ဖို့ပြင်ရသည်...ညနေကျ ကောင်လေးကို အလည်ပို့ဖို့ပြောထားသည်မဟုတ်လား...
Hyg ကားမောင်းတာကို နောက်ခန်းကနေစီးနေရင်း မျက်လုံးများမှိတ်ကာ လိုက်ပါလာခဲ့သည်...Hotel ရောက်တဲ့အခါ မြင်ရမယ့်မျက်နှာလေးက Jungkook မျက်လုံးထဲပေါ်လာတော့ သူတောင်သတိမထားမိဘဲ ပြုံးမိသွားတာကို Hyg က သတိထားမိပုံရသည်...
"Kookie မင်းသတင်းတွေပျက်သွားလို့ စိတ်ချမ်းသာနေတာမလား"
"အင်း Hyg က မြန်သားပဲ"
"ဒါပေါ့"
Eunhan ညီငယ်ကို wink လုပ်ပြရင်း ပြုံးလိုက်မိသည်...တကယ်တမ်း သူကမြန်တာမဟုတ် သူ့ဦးလေး Jungkook ပါပါးကြီးက မြန်တာပင်ဖြစ်သည်....
Jungkook Idol ဖြစ်ကတည်းက အခုလိုအချစ်ရေးသတင်းမျိုးတစ်ခါပဲထွက်ဖူးသည် ...Jungkook မှာ အချစ်ဦးရှိခဲ့ဖူးသည်..Lee Soyoon တဲ့...အဲ့ကောင်မလေးနိုင်ငံခြားထွက်သွားလို့ Jungkook မူးရူးသောင်းကျန်းတဲ့ Video ပျံ့တုန်းကလည်း ခနပင် ချက်ချင်းပြန်ပျက်သွားတာဖြစ်သည်...
အဲ့တုန်းကမှ Eunhan တို့ ဖျက်မလို့ မူရင်းတင်သူကိုစုံစမ်းတုန်း Video က ကွိခနဲပျက်သွားတာမှ အစအနတောင်ရှာမရတဲ့အထိပင်...အဲ့ကတည်းကရင်း Eunhan သိလိုက်သည်...သူ့ဦးလေးလက်ချက်ဆိုတာကို ..သားကိုစိတ်ဆိုးသလိုနဲ့ နောက်ကွယ်ကစောင့်ရှောက်ပေးနေပုံရသည်...
Jungkook ကလည်းသိပုံမပေါ် သူလုပ်ပေးသည်ဟုသာယုံထားပုံရသည်..ဒီကောင်စိတ်ပြတ်သားချက်က လက်လန်သည်...သူ့အဖေကိုခုထိအဆက်အသွယ်မလုပ်...ဟိုကလည်း ဘာထူးလည်း ခေါင်းမာတာသားအဖလို့ပြောရင်မယုံမှာကျလို့...
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-6
Start from the beginning
