ဖြေသံလေးနဲ့အတူ Jungkook ပုခုံးပေါ်မှီထားတဲ့ခေါင်းလေးကပါရမ်းလိုက်တာကိုသိရသည်...

"ဘာလို့"

"ခြေထောက်နာတာမနာတာထက် ကျွန်တော်ကူညီလို့ သူများအဆင်ပြေသွားတယ်ဆိုတဲ့ စိတ်လေးက ကြည်နူးရတယ် စိတ်လည်းချမ်းသာရတယ် အဟီး"

Jungkook စိတ်ထဲ ဘယ်လိုတောင်ချစ်စရာကောင်းပြီးဖြူစင်တဲ့ကောင်လေးလေးပါလိမ့်လို့တွေးမိသည်မှာ ချွင်းချက်မရှိ....

Jungkook အခုတလော စိတ်ချမ်းသာနေရခြင်းက ကောင်လေးသာဆိုပါလျှင်.......

................

Unicode...

Jungkook ဒီနေ့ Stage သွားကြည့်ရင်းနဲ့ rehearsal လုပ်မှာမလို့ ပြင်ဆင်နေရင်း ph ဝင်လာခဲ့သည်...

"Hyg..."

"Kookie အခု သတင်းဖွင့်ကြည့်လိုက်"

Jungkook က ပြင်ဆင်နေတာမလို့ Hyg ကအရင် Stage ပေါ်ရောက်ကာ စစ်ဆေးနေရင်း ph ဆက်တာဖြစ်သည်...Jungkook သတင်းဖွင့်မိတော့ Twitter Trend မှာ မနေ့ကလေယျာဉ်ကွင်းမှာ Jungkook ကကောင်လေးငိုနေတာကိုဖက်ထားရင်း ဟိုကောင်တွေနဲ့စကားများနေတဲ့ Video...

Jungkook ခေါင်းကြီးသွားရသည်...Video က တင်တာ တစ်နာရီပင်မရှိသေး Jungkook နာမည်နဲ့မို့ Worldwide Trend တောင်ဝင်နေလေသည်...PD သိလို့မဖြစ်...Jungkook Hyg ဆီ ph ပြန်ခေါ်ရင်း Video ကိုဖျက်ခိုင်းဖို့ပြောရသည်....

တစ်ဖက်မှာလည်း Sky Group က CEO Jeon Jung Woo မှာလည်း ရတက်မအေးနိုင်ပေ...တစ်ဦးတည်းသော ချစ်သားလေးရဲ့ သတင်းတိုင်းသူစုံစမ်းရသည်..အခု ပျံ့နေတဲ့ Video ကိုလည်းချက်ချင်းပင်ဖျက်ခိုင်းရသည်...

သားနဲ့စိတ်ဆိုးပြီး စကားမပြောဖြစ်ကြပေမယ့် သားကိုသူသိပ်ချစ်ပါသည်...သားကသာသူ့ကိုစိတ်နာပြီးအဆက်အသွယ်မလုပ်တာ သူအကုန်သိသည်...သားကိုစောင့်ကြည့်ဖို့ လူတွေထည့်ထားပေမယ့် သားကလူလိမ္မာလေးမို့ ဘာသတင်းမှဆိုးဆိုးဝါးဝါးမထွက်...သူဝါသနာပါရာကို လမ်းဆုံးထိရဲရဲဝံ့ဝံ့လျှောက်ကာ ကြိုးစားတဲ့သားကြောင့် ပီတိဖြစ်ရသေးသည်...

သားကိုယုံတာကြောင့် သားနောက်လူတွေမထည့်တော့တာ ၂ နှစ်လောက်ရှိတော့မည်...အခုမနက် Trend ဖြစ်နေတဲ့ သား Video ကိုကြည့်တော့မှ သားကို လွှတ်ထားမိတာ မှားပြီဟုထင်နေရသည်...

💜 I'm Your' Fan 💜(Completed)Donde viven las historias. Descúbrelo ahora