ပြောပြီးတာနဲ့တဆက်တည်း Jungkook လက်ကိုဆွဲယူကာ လက်ကောက်ဝတ်မှာ အလုံးလေးတွေအပြည့်သီကုံးထားတဲ့အနက်ရောင်လက်ပတ်ကြိုးလေးကိုပတ်ပေးလာသည်...
ကောင်လေးကသူ့လက်ကိုပါမြှောက်ပြရင်း
"Jungkook နဲ့အတူတူ ဟီး"
ကောင်လေးရဲ့လက်သွယ်သွယ်မှာလည်း Jungkook နဲ့ဆင်တူလက်ပတ်လေးဝတ်ထားလေသည်...ရယ်ရင်းပြောလာတဲ့ကောင်လေးကသိပ်ကိုချစ်စရာကောင်းနေခဲ့သည်...
"ဆင်တူဝတ်ချင်လို့လား...ဒါဆို ကိုယ်ပလက်တီနမ်ဟန်းချိန်းလုပ်ပေးမယ်"
"ဆင်တူဝတ်ချင်တယ် ဒါပေမယ့် အဲ့လိုဈေးကြီးတာတွေမဟုတ်ဘူး ဒီဟာက ကျွန်တော့်အိတ်ထဲကပိုက်ဆံနဲ့ဝယ်ထားတာ အဲ့တာကြောင့် တန်ဖိုးမကြီးပေမယ့် ကျွန်တော်ပေးနိုင်တဲ့တစ်ခုတည်းသောပစ္စည်းပဲ..Jungkook အမြဲတမ်းဝတ်ထားပေးရင်ကောင်းမှာပဲ"
ကောင်လေးရဲ့ရိုးသားတဲ့တောင်းဆိုမှုကိုသဘောကျစွာပြုံးမိရင်း ...
"ကတိပေးတယ် အမြဲဝတ်ထားပေးမှာ မင်းရော ဘယ်တော့မှမချွတ်ဘူးလို့ကတိပေး..."
"ဟုတ်.."
နှစ်ယောက်လုံးပြုံးပြီး ကောင်းကင်ကိုကြည့်လိုက်မိသည်..ဒီနေ့ညကပိုလှနေသလိုပင်....
"Jungkook ကျွန်တော့် ဘာသာလမ်းလျှောက်မယ်လို့ ရပါတယ်"
"ငြိမ်ငြိမ်နေနော် ပြုတ်ကျမယ်"
ကျောပေါ်ကကိုယ်လေးငြိမ်သွားတော့မှ Jungkook ပြုံးလိုက်မိသည်...အနီးကပ်ရနေတဲ့ စတော်ဘယ်ရီ lotion နံ့လေးကြောင့် Jungkook စိတ်လေးကြည်နေရသည်...
အခုက Hotel အပြန်လမ်းမှာဖြစ်ပြီး Jungkook က Tae ကိုကျောပိုးလာတာပဲဖြစ်သည်...အကြောင်းအရင်းကတော့ ဖိနပ်ပျက်လို့ငိုနေတဲ့ကလေးငယ်တစ်ယောက်ကို စိတ်ထားကောင်းတဲ့ကောင်လေးက သူ့ဖိနပ်ကွင်းထိုးအနက်လေးကိုချွတ်ပေးကာ သူကကျခြေတုံးလုံးလမ်းလျှောက်နေတာမလို့ မကြည့်ရက်နိုင်တဲ့ Jungkook ကပဲကျောပိုးရတော့တာဖြစ်သည်.....
"ခုနက ခြေဗလာနဲ့လမ်းလျှောက်တာ ခြေထောက်မနာဘူးလား"
"ဟင့်အင်း"
VOCÊ ESTÁ LENDO
💜 I'm Your' Fan 💜(Completed)
Fanficဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-6
Começar do início
