ကားနောက်ခန်းက ညီတော်မောင်ကတော့ အိပ်နေတာများ ယုန်သွားနှစ်ချောင်းတောင်ပေါ်လို့...ကိုယ့်မှာသာ သူ့အဖေကြီးလိုအကုန်လိုက်လုပ်ပေးနေရသည်..
"ဒင်းပဲ အေးချမ်းတယ်...ဒင်းပဲ"
Eunhan တိုးတိုးပြောလိုက်ရင်း Hotel ရောက်ဖို့သာ အမြန်မောင်းလာမိသည်...
ပြောမယ့်သာပြောတာပါ တစ်မျိုးလုံးတစ်ဆွေလုံးမှ ညီအစ်ကိုလေးနှစ်ယောက်သာရှိသည်မို့ တစ်ဝမ်းကွဲဆိုပေမယ့် အရင်းထက်တောင်ချစ်ပါသည်...ဒီညီလေးပျော်ရမယ်ဆိုရင် Eunhan တို့က ဘာမဆိုလုပ်ပေးမှာပင်......
.................
Tae Hoodie အပြာနုရောင်လေးနဲ့ ဂျင်းဘောင်းဘီအနက်လေးဝတ်ကာ ပြင်ဆင်ချင်းကိုအဆုံးသတ်လိုက်သည်...Jungkook ကအပြင်လည်ဖို့လိုက်ပို့ပေးမှာကြောင့်ဖြစ်သည်...
"ကောင်လေး"
Jungkook ဝင်လာတာမို့ Tae ပြုံးပြလိုက်ရင်း
"ပြီးပြီမလား သွားရအောင်"
"ဟုတ်"
Tae Jungkook ကိုကြည့်မိတော့ တစ်ကိုယ်လုံးအနက်ဝတ်ထားတာ ဦးထုပ်အနက်ရောင်ခပ်ဝိုင်းဝိုင်းကိုလည်းမျက်လုံးများအုပ်အောင်ဆောင်းထားသေးသည်....
...အင်းပေါ့ အခြားသူမှမဟုတ်တာ Jungkook မဟုတ်လား ....
Tae တို့လမ်းပေါ်မှာ တွေ့သမျှဆိုင်ဝင်စား တွေ့သမျှတီးဝိုင်းတွေနားထောင်ရင်း Jungkook ကသာမာန်လူတွေလို လွတ်လပ်စွာပျော်ရွှင်နေတော့သည်...
ရေပန်းနားလမ်းလျှောက်တော့ Jungkook က Tae လက်ကိုလာဆွဲကာ လက်ချောင်းလေးတွေချင်းဆုပ်ကိုင်ထားရင်း
"လူရှုတ်တယ်မလား အဲ့တာ မင်းပျောက်သွားမှာစိုးလို့"
"အွန်း ကျေးဇူး Jungkook"
Jungkook သရုပ်ဖော်ပြကွက်ကို တအံ့တသြငေးကာ လက်ခုပ်လေးတီးရင်းသဘောကျနေတဲ့ ကောင်လေးရဲ့ပုံလေးတွေကိုသာလိုက်ရိုက်နေမိသည်...ချစ်စဖွယ်ကောင်လေးကတော့ ဓာတ်ပုံရိုက်နေတာတောင်မသိ...Snap မိတာတောင် ရုပ်ဆိုးမသွားတဲ့ကောင်လေးဟာ အရင်ဘဝကနိုင်ငံတော်ကိုများကယ်တင်ခဲ့လေသလားမသိ....
"Jungkook လက်ပေး"
"ဟင် ဘာလို့..."
"ပေးပါဆို.."
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-6
Start from the beginning
