"အဟင့်...ဟင့် Jungkook ကယ်ပါ"

Tae ရုန်းနေပေမယ့် ယောကျာ်းကြီး ၃ ယောက်နဲ့ Tae တစ်ယောက်နဲ့အင်အားကမမျှ...ထိုစဉ် Tae လက်ကိုဆောင့်ဆွဲကာ ရင်ခွင်ထဲဖက်လိုက်တဲ့ လူတစ်ယောက်...ဒီကိုယ်သင်းနံ့ကို Tae သိတာပေါ့...Jungkook....

Tae ငိုပဲငိုနေတာကြောင့် လူတွေများလာပြီး Jungkook ရဲ့ Tae နားမလည်တဲ့စကားနဲ့ ပြောဆိုသံတွေကြားနေပေမယ့် Tae ဘာမှမသိချင်တော့...အခု Tae မှီထားတဲ့ ရင်ခွင်ကသာ Tae လုံခြုံတဲ့နေရာမိုိ့လုိ့...

.................................

"Hyg တောင်းပန်ပါတယ် ...Kookie"

"Hyg မမှားပါဘူး ကျွန်တော့်ကြောင့်ပါ ကျွန်တော်သာအိပ်မပျော်သွားရင် ဒီလိုဖြစ်စရာအကြောင်းမှမရှိတာပဲ..Hyg လည်းပင်ပန်းနေတာပဲ နားလိုက်ပါတော့"

Eunhan ကိစ္စအားလုံးသိတော့ ကိုယ့်အပြစ်မကင်းတာကြောင့် ညီလေးကိုတောင်းပန်စကားဆိုရသည်...ဟိုကောင်လေးလည်း အတော်လန့်သွားရှာမှာ...Jungkook ခေါ်လာကတည်းက ငိုပဲငိုနေတာမို့ Hotel ရောက်တော့မှ မောပြီးအိပ်ပျော်သွားပုံရသည်....

Jungkook ကောင်လေးအိပ်နေတဲ့ ကုတင်နားလာကာ ကုတင်ဘေးကထိုင်ခုံပေါ်ထိုင်ရင်း ကြည့်နေမိသည်...ငိုထားတာမလို့ နှာခေါင်းထိပ်လေးကနီရဲနေသေးသည်...မြန်မာနိုင်ငံသားလေးက Jungkook တို့ Korea လူမျိုးလို အသားတအားမဖြူပေမယ့် Jungkook နဲ့ level တူလောက်ဖြူဥနေသေးသည်...

အနီးကပ်ကြည့်မိမှ မျက်တောင်ရှည်ရှည်စင်းစင်းလေးတွေက နက်မှောင်နေကာ မျက်ရည်တို့ကြောင့်စိုစွတ်စွတ်ရယ်...နှာတံစင်းစင်းလေးရဲ့အနားသတ်မှာ မှဲ့နက်လေးတစ်လုံး...ပိရိသေသပ်တဲ့နှုတ်ခမ်းဖူးဖူးရဲရဲလေးကလည်း သူ့ဘာသူအချိုးကျစွာလှနေသေးသည်...ဒီနှုတ်ခမ်းလေးတွေကပြုံးလိုက်တိုင်း လေးထောင့်ဆန်ဆန်ထွက်ပေါ်လာတဲ့အပြုံးလေးကအစ ချစ်ဖို့ကောင်းသည်....

Jungkook ကောင်လေးမျက်နှာနုနုလေးအား အုပ်ကိုင်ရင်း

"အရမ်းလန့်သွားခဲ့မှာပေါ့ ကောင်လေးရယ်...တောင်းပန်ပါတယ်"

..............

"Jungkook ...."

"အင်း ကောင်လေး နိုးလာပြီလား"

Tae နိုးတော့ ဘေးနားမှာ ထိုင်ကာ ငုတ်တုတ်အိပ်နေသော Jungkook ကိုခေါ်လိုက်မိသည်...

"ဟုတ်"

"ဗိုက်ဆာနေပြီမလား လာထလိုက်နော် အတူစားရအောင် ငါလည်းမင်းကိုစောင့်နေတာ"

Jungkook က ထပြီး Tae အနားကနေထွက်သွားမယ်ချိန် Tae က Jungkook လက်အားဆွဲလိုက်ရင်း

"ကျွန်တော်လေ ...ဟင့် ..ကြောက်နေခဲ့တာ"

Jungkook ရင်ထဲနင့်ခနဲ....ကုတင်ပေါ်ကနေထထိုင်စေရင်း Jungkook ကမက်တပ်နဲ့မို့ ကောင်လေးခေါင်းက Jungkook ရင်ဘတ်ထိမှီတာကြောင့် ခေါင်းလေးကို ရင်ဘတ်မှာဆွဲကပ်ရင်း

"Ph ဘာလို့မဆက်တာလည်း Ph ဆက်ရမယ်လေ"

"Ph ကျန်ခဲ့တယ်"

"ကိုယ်တောင်းပန်ပါတယ်"

"ဟင့်အင်း ...Jungkook ရောက်လာခဲ့လို့အဆင်ပြေသွားတာ ကျေးဇူးတင်ပါတယ်..."

ကောင်လေးစကားကြောင့် Jungkook ဘာစကားမှမဆိုမိတော့ပဲ ခေါင်းလုံးလုံးလေးကိုသာ ဖွဖွလေးသပ်ပေးနေမိတော့သည်....

...အကောင်းမြင်စိတ်ထားလေးနဲ့ အေးချမ်းတဲ့ကလေးလေး.....

Jungkook ရင်ထဲကပြောလိုက်ခြင်းရယ်ပါ....

......................

💜 I'm Your' Fan 💜(Completed)Donde viven las historias. Descúbrelo ahora