"Ph ဘာလို့မဆက်တာလည်း Ph ဆက်ရမယ်လေ"

"Ph ကျန်ခဲ့တယ်"

"ကိုယ်တောင်းပန်ပါတယ်"

"ဟင့်အင်း ...Jungkook ရောက်လာခဲ့လို့အဆင်ပြေသွားတာ ကျေးဇူးတင်ပါတယ်..."

ကောင်လေးစကားကြောင့် Jungkook ဘာစကားမှမဆိုမိတော့ပဲ ခေါင်းလုံးလုံးလေးကိုသာ ဖွဖွလေးသပ်ပေးနေမိတော့သည်....

...အကောင်းမြင်စိတ်ထားလေးနဲ့ အေးချမ်းတဲ့ကလေးလေး.....

Jungkook ရင်ထဲကပြောလိုက်ခြင်းရယ်ပါ....

......................



Unicode....

America ကိုသွားတော့ Tae ပါလိုက်ခဲ့ရသည်...3 ညအိပ် 4 ရက်ပဲကြာမှာမလို့  အထုတ်ကတော့အကြီးကြီးမဟုတ်..ဒါတောင်လေယာဉ်ကို Jungkook နဲ့အတူစီးလို့မရပေ...Jungkook နောက်လိုက်နေတဲ့ ပါပါရာဇီတွေကြောင့် Tae ကိုဘယ်လိုမှ အတူခေါ်သွားလို့မဖြစ်တာကြောင့်ရယ်ပါ...

Tae စီးရမယ့် လေယျာဉ်ကိုစောင့်နေရင်း တစ်ယောက်ထဲသွားရမယ့်ခရီးကိုပျော်နေမိသည်...Jungkook ကတော့ America ရောက်နေလောက်ပြီ..Tae ဟိုရောက်တာနဲ့ Jungkook ရဲ့ Manager Hyg က လာကြိုမှာမလို့ ဘာမှမပူရပေ..

Jungkook ရောက်တာနဲ့ ခနနားရင်း ညနေ 6 နာရီ လေယျာဉ်နဲ့ပါလာမယ့် ကောင်လေးကိုကြိုဖို့ Hyg ကိုအတန်တန်မှာရသည်...ဟိုမှာကတည်းက လေယျာဉ်တစ်စီးတည်းဖြတ်မယ်လို့ပြောတာကို Hyg က စိုးရိမ်ကာ ကောင်လေးကိုကျ ညနေမှဆိုက်မယ့်လေယျာဉ်နဲ့လိုက်လာခိုင်းသည်...

သွားကာနီးမှ Jungkook သိရတာကြောင့် ဒေါသထွက်မိပေမယ့် သူကကိုယ့်အစ်ကိုမလား ကိုယ်ကောင်းဖို့လုပ်ပေးတာပဲဆိုတဲ့အသိနဲ့ဘာမှမပြောမိအောင်ထိန်းနေရသည်..Hyg က သူတာဝန်ယူပါ့မယ် Hotel ထိအန္တရာယ်ကင်းကင်းရောက်လာအောင်ကိုယ်တိုင်ကြိုပါ့မယ်ပြောလာခဲ့သည်....

Jungkook က မနက်ကရင်း လေယျာဉ်ဆိုက်တာကြောင့် အေးဆေးနားခွင့်ရသည် မနက်ဖြန်မှ Stage ကိုသွားကြည့်ရမှာဖြစ်တာကြောင့် Hotel မှာပဲ အေးဆေးနားနေမိသည်...

Eunhan Jungkook ကောင်လေးကိုသွားကြိုရင်း အဲလေ Tae ကိုသွားကြိုရင်း ph ဝင်လာတာမလို့ ကိုင်လိုက်တော့ ..PD က ph ဆက်လာကာ ခနနေအရေးကြီးလူတစ်ယောက်ကတွေ့ဖို့ခေါ်ရင်သွားလိုက်လို့သာပြောလာခဲ့သည်...

💜 I'm Your' Fan 💜(Completed)Where stories live. Discover now