.................................
"Hyg တောင်းပန်ပါတယ် ...Kookie"
"Hyg မမှားပါဘူး ကျွန်တော့်ကြောင့်ပါ ကျွန်တော်သာအိပ်မပျော်သွားရင် ဒီလိုဖြစ်စရာအကြောင်းမှမရှိတာပဲ..Hyg လည်းပင်ပန်းနေတာပဲ နားလိုက်ပါတော့"
Eunhan ကိစ္စအားလုံးသိတော့ ကိုယ့်အပြစ်မကင်းတာကြောင့် ညီလေးကိုတောင်းပန်စကားဆိုရသည်...ဟိုကောင်လေးလည်း အတော်လန့်သွားရှာမှာ...Jungkook ခေါ်လာကတည်းက ငိုပဲငိုနေတာမို့ Hotel ရောက်တော့မှ မောပြီးအိပ်ပျော်သွားပုံရသည်....
Jungkook ကောင်လေးအိပ်နေတဲ့ ကုတင်နားလာကာ ကုတင်ဘေးကထိုင်ခုံပေါ်ထိုင်ရင်း ကြည့်နေမိသည်...ငိုထားတာမလို့ နှာခေါင်းထိပ်လေးကနီရဲနေသေးသည်...မြန်မာနိုင်ငံသားလေးက Jungkook တို့ Korea လူမျိုးလို အသားတအားမဖြူပေမယ့် Jungkook နဲ့ level တူလောက်ဖြူဥနေသေးသည်...
အနီးကပ်ကြည့်မိမှ မျက်တောင်ရှည်ရှည်စင်းစင်းလေးတွေက နက်မှောင်နေကာ မျက်ရည်တို့ကြောင့်စိုစွတ်စွတ်ရယ်...နှာတံစင်းစင်းလေးရဲ့အနားသတ်မှာ မှဲ့နက်လေးတစ်လုံး...ပိရိသေသပ်တဲ့နှုတ်ခမ်းဖူးဖူးရဲရဲလေးကလည်း သူ့ဘာသူအချိုးကျစွာလှနေသေးသည်...ဒီနှုတ်ခမ်းလေးတွေကပြုံးလိုက်တိုင်း လေးထောင့်ဆန်ဆန်ထွက်ပေါ်လာတဲ့အပြုံးလေးကအစ ချစ်ဖို့ကောင်းသည်....
Jungkook ကောင်လေးမျက်နှာနုနုလေးအား အုပ်ကိုင်ရင်း
"အရမ်းလန့်သွားခဲ့မှာပေါ့ ကောင်လေးရယ်...တောင်းပန်ပါတယ်"
..............
"Jungkook ...."
"အင်း ကောင်လေး နိုးလာပြီလား"
Tae နိုးတော့ ဘေးနားမှာ ထိုင်ကာ ငုတ်တုတ်အိပ်နေသော Jungkook ကိုခေါ်လိုက်မိသည်...
"ဟုတ်"
"ဗိုက်ဆာနေပြီမလား လာထလိုက်နော် အတူစားရအောင် ငါလည်းမင်းကိုစောင့်နေတာ"
Jungkook က ထပြီး Tae အနားကနေထွက်သွားမယ်ချိန် Tae က Jungkook လက်အားဆွဲလိုက်ရင်း
"ကျွန်တော်လေ ...ဟင့် ..ကြောက်နေခဲ့တာ"
Jungkook ရင်ထဲနင့်ခနဲ....ကုတင်ပေါ်ကနေထထိုင်စေရင်း Jungkook ကမက်တပ်နဲ့မို့ ကောင်လေးခေါင်းက Jungkook ရင်ဘတ်ထိမှီတာကြောင့် ခေါင်းလေးကို ရင်ဘတ်မှာဆွဲကပ်ရင်း
VOCÊ ESTÁ LENDO
💜 I'm Your' Fan 💜(Completed)
Fanficဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-5
Começar do início
