အချိန်တွေသာကုန်လာတာ Tae ကိုကြိုမယ့်သူက ပေါ်မလာပေ...ခရီးသည်တောင်အနည်းငယ်ပဲရှိတော့သည်...Tae ကိုမမြင်လို့များလားဆိုပြီး အပြင်ဘက်ကားလမ်းဘေးကထိုင်ခုံမှာထိုင်စောင့်နေမိသည်...ဗိုက်တွေလည်းဆာသည်...
Eunhan Share ရှင်လူကြီးနဲ့ စကားခနပဲပြောရမယ်ထင်လို့လာလိုက်ရင်း ထမင်းတွေပါစားခိုင်းကာ ဘာညာတွေပြောနေတာနဲ့ Tae ကိုသွားမကြိုမိ...Ph ဆက်ဖို့အဆင်မပြေတာမို့ Jungkook ကိုသာ massage ပို့ထားလိုက်သည်...Jungkook ဒီချိန်ဆို ကြိုပြီးလောက်ပြီနေမှာပါ....
Jungkook Hotel က ဘားမှာသောက်နေရင်း နည်းနည်းမူးလာတာနဲ့ အိပ်နေလိုက်တာ ညမှောင်မှနိုးလာတော့သည်...နာရီကိုကြည့်မိတော့ ၈ နာရီ...
Shit... တိုးတိုးညည်းတွားရင်း ကိုက်နေသောခေါင်းအားအသာကိုင်ကာ ရေခဲသေတ္တာဆီလျှောက်လာမိသည်...
"ကောင်လေး...."
ဒီချိန်ကောင်လေးရောက်လောက်ပြီထင်ပြီး ကောင်လေးကိုအော်ခေါ်နေမိသည်...ဘာသံမှမကြားရတော့ Jungkook ကိုက်နေတဲ့ခေါင်းပင်ပျောက်သွားကာ Hyg ကို ph ဆက်ဖို့ပြင်တော့မှ message ကိုတွေ့တော့သည်....
Jungkook ဘာမှ မစဉ်းစားနိုင်ပဲ ပြေးထွက်လာမိတော့သည်.....
Tae ငိုချင်လာရသည်...မှောင်နေတာကြောင့် သူများနိုင်ငံဆိုတဲ့အသိနဲ့ အားငယ်စိတ်လည်းဝင်လာရသည်..Jungkook ရော သူရောက်မလာသေးတာသိပါ့မလား...Ph ဆက်ဖို့လုပ်မယ်ဆိုမှ Ph က ပါမလာခဲ့ ကျန်ခဲ့ပုံရသည်....
"Hey...Baby..."
Tae ကျုံ့ကျုံ့လေးထိုင်ကာ ငိုနေမိတုန်း ဘယ်ကလူတွေမှန်းမသိ Tae နားကို သုံးယောက်လုံးရောက်လာတာ Tae နားမလည်တဲ့စကားတွေကို ပြောရင်း Tae လက်လေးတွေအားဆွဲကိုင်ကာခေါ်နေကြသည်...
"အဟင့်...ဟင့် Jungkook ကယ်ပါ"
Tae ရုန်းနေပေမယ့် ယောကျာ်းကြီး ၃ ယောက်နဲ့ Tae တစ်ယောက်နဲ့အင်အားကမမျှ...ထိုစဉ် Tae လက်ကိုဆောင့်ဆွဲကာ ရင်ခွင်ထဲဖက်လိုက်တဲ့ လူတစ်ယောက်...ဒီကိုယ်သင်းနံ့ကို Tae သိတာပေါ့...Jungkook....
Tae ငိုပဲငိုနေတာကြောင့် လူတွေများလာပြီး Jungkook ရဲ့ Tae နားမလည်တဲ့စကားနဲ့ ပြောဆိုသံတွေကြားနေပေမယ့် Tae ဘာမှမသိချင်တော့...အခု Tae မှီထားတဲ့ ရင်ခွင်ကသာ Tae လုံခြုံတဲ့နေရာမို့လို့...
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-5
Start from the beginning
