Jungkook Music Video ရိုက်ရင်း နားတုန်း ကောင်လေးကို ph ဆက်ဖို့စဉ်းစားနေမိသည်...ph ဝယ်ပေးပြီးကတည်းက သူ့ ph no ထည့်ပေးထားပေမယ့် ကောင်လေးကတစ်ခါမှဆက်မလာခဲ့ပေ...သူလည်းမဆက်မိ....

Tae Jungkook ရဲ့ Japan Show ကို TV မှာကြည့်နေရင်း အရင်ကလည်း ကြည့်ဖူးနေသလိုစိတ်ကထင်နေမိသည်...Tae အရင်က အခေါက်ပေါင်းများစွာ မျှော်ငေးကြည့်ဖူးတဲ့ Idol လို့သာ Tae မမှတ်မိတာ Jungkook သီချင်းတွေနဲ့ Tae ရင်းနှီးနေသလိုခံစားရသည်...

အတိတ်မမေ့ခင်ဘဝကိုစဉ်းစားပေမယ့် ဘယ်လိုမှမမှတ်မိတာကြောင့် Tae မစဉ်းစားတော့တာရယ်...ခေါင်းတွေကိုက်တာသာအဖတ်တင်သည်...Jungkook ဝယ်ပေးတဲ့ ph ကောင်းမှုကြောင့် Korea နိုင်ငံအကြောင်းရှာဖွေသမျှ သိရသည်...Jungkook က ဘယ်လောက်နာမည်ကြီးလည်းဆိုတာလည်းသိခဲ့ရသည်...

Tae စိတ်ထဲ သာမာန်ပါပဲလို့ထင်နေမိတဲ့ Jungkook က လုံးဝ God ကြီး...တစ်ကမ္ဘာလုံးက မဒီတို့ရဲ့ စိတ်ကူးယဉ်ရွှေမင်းသားလို့ပင်တင်စားရသည်အထိ...Tae ကံကောင်းတာလား ဆိုးတာလားတောင်မသိ...သူများနိုင်ငံမှာ ဘယ်လိုကြောင့်အတိတ်မေ့ပြီး ဘယ်လိုကြောင့် Idol တစ်ယောက်ရဲ့အိမ်မှာနေနေရသည်မသိတော့....

နေလာတာနှစ်ပတ်ရှိပေမယ့် ခုချိန်ထိ Tae Jungkook အိမ်အပြင်ဘက်ကိုတစ်ခါမှမထွက်ဖူးပါ...Jungkook က Visa တွေအကုန်လုပ်ထားပေမယ့် အခုလို Idol တစ်ယောက်ရဲ့အိမ်မှာ Tae ကိုခေါ်ထားတာသိရင် Jungkook အတွက်မလွယ်လောက်ပေ....

Korea နိုင်ငံရဲ့အလှအပကိုလျှောက်သွားရင်း လည်ပတ်ကြည့်ရှုချင်ပေမယ့် Jungkook အတွက် သူ့ကြောင့် ဝန်ထုတ်ဝန်ပိုးမဖြစ်စေချင်ပါ....အခုလိုစောင့်ရှောက်ပေးထားတာပဲ ကျေးဇူးတင်ရမည်ဖြစ်သည်...

"တီတောင်"

"အယ် Jungkook လားမသိဘူး ပြန်လာတာစောလှချည်လား"

Tae ကိုယ့်ဘာသာစဉ်းစားနေရင်း တံခါးသွားဖွင့်မိတော့ Jungkook မဟုတ် အစ်ကိုချောချောငါးယောက်ကိုသာမြင်ရသည်....

"Surprise...."

"ဟင်....."

Hobi က အသံပြဲနဲ့အော်ပြီးမှ တံခါးဖွင့်တဲ့သူကိုကြည့်မိကာ ဟင်ခနဲရယ်...

Namjoon တို့အတွဲနဲ့ Jimin တို့အတွဲလည်း ကြောင်သွားကာ လက်ထဲက ပန်းစည်းတွေကိုင်ရင်းနဲ့တောင့်တောင့်ကြီးတွေရပ်လို့နေသည်....

💜 I'm Your' Fan 💜(Completed)Where stories live. Discover now