ဒါကလည်း ဒီကလေးရုပ်လေးကိုက ချစ်မွှေးပါလို့ဟု Jungkook တစ်ယောက်နားမလည်ပေ...ကြာတော့ ငြင်းခုန်ကာ ကောင်လေးကို လုနေတဲ့ကြား သူကပဲချက်ချင်းဆုံးဖြတ်ချက်ချရတော့သည်...
"ကောင်လေးကို ငါ America ခေါ်သွားမှာ ...အာ့ကြောင့်ပါးစပ်လေးတွေပိတ်ပြီး တိတ်လိုက်ကြပါတော့ ငါးကောင်တို့"
Jungkook အဖြေကြောင့် Tae ထခုန်မတတ်ပျော်ရွှင်သွားခဲ့ရသည်....ခုနက TV ကြည့်နေရင်း Jungkook ရဲ့ ရှိုးပွဲကို ကိုယ်တိုင်ကြည့်ရရင်ကောင်းမှာလို့တွေးနေတာလေး အခုလိုအမှန်တကယ်ဖြစ်လာတာကြောင့် ပျော်သွားရသည်ကအမှန်....
Tae လေးလက်ရာ ထမင်းဟင်းတွေစားသောက်ပြီးမှ Jimin တို့အုပ်စုပြန်သွားတော့သည်...ဒါတောင် အားလုံးက ဆုံဖို့မလွယ်တာမလို့ မပြန်ကြသေးဘဲ အချိန်ဆွဲနေကြသေးသည်...Tae လေးချက်ကျွေးတဲ့ မြန်မာဟင်းလေးတွေ စားကောင်းကြောင်းတဖွဖွပြောနေကြရင်း ချီးကျူးနေကြသေးသည်...
Jungkook ပြောပြလို့ မြန်မာနိုင်ငံသားလေးလို့သိရတဲ့အတွက်လည်း မြန်မာမှာ စားကောင်းမယ့်အစားအသောက်တွေအများကြီးရှိမှာပဲလို့ပြောကြရင်း တစ်နေ့နေ့ကြ Tae လေးနဲ့အတူလိုက်လည်ရမယ်လို့လည်းတွေးနေကြသည်....
Jungkook ပန်းကန်တွေဆေးကာအလုပ်ရှုတ်နေတဲ့ကောင်လေးကို သူပါကူပေးနေမိသည်...ကောင်လေးက ဖြူစင်တာမို့ အားလုံးနဲ့ခနတွင်းချင်းပင် ခင်သွားတာကို Jungkook သဘောကျမိသည်..
စိတ်ထားလေးကိုပြောပါတယ်.....
ရေးချင်တာတွေရေးကုန်ပြီဟေး....စိတ်ပျက်နေကြပြီလား...☹️
Unicode.......
Jungkook ဆီ ကောင်လေးရောက်နေတာ နှစ်ပတ်တောင်ရှိပြီဖြစ်သည်....Jungkook America ကို ဖျော်ဖြေပွဲသွားဖို့ရက်ကမလိုတော့ပေ..လေးရက်တောင်သွားမှာဆိုတော့ ကောင်လေးတစ်ယောက်ထဲညအိပ်ရမှာ အဆင်မပြေတာသူသိသည်...
သူငယ်ချင်းတွေကိုအကူအညီတောင်းရအောင်လည်း အခုထိကောင်လေးကိုမိတ်မဆက်ပေးရသေးပေ...Jungkook ကိုယ်တိုင်ကလည်း အတင်းမိတ်မဆက်ပေးချင်တာလည်းပါသည်...ဘယ်လိုပဲဖြစ်ဖြစ် ကောင်လေးကိုသူခေါ်ထားတယ်ဆိုတာ ခဏတာအတွက်ပဲလေ...သံယောဇဉ်တွေဖြစ်ကျန်ခဲ့မှာကိုမကြိုက်ပေ..အချိန်တန်ရင် ကောင်လေးက သူ့နိုင်ငံသူပြန်ရမည်သာ...
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-4
Start from the beginning
