Jimin မှာမူ အသည်းယားတာရော ဘာရောပေါင်းကာ အရှေ့က ကျားကစ်ပေါက်ရဲ့ ပါးလေးတွေအား လက်နှစ်ဖက်နဲ့ဆွဲရင်း
"အားရီးဂူး ချစ်စရာလေး ကျားပေါက်လေးက"
"ဟင် ကျားပေါက်လေး"
ကျန်ငါးယောက်ဆီက ပြိုင်တူထွက်လာတဲ့စကားကြောင့် Jimin ကဖြေမလို့လုပ်နေပေမယ့် လက်တွေက ဟိုကလေးပါးကနေမခွာသေး
Yoongi က Jimin လက်အားအမြန်ဆွဲကာ ဖြုတ်ချသည်..Jimin လည်း သူ့ကိုကိုအား မျက်စောင်းထိုးလိုက်ရင်း
"မမြင်ဘူးလား Tae လေးက ကျားပေါက်နဲ့တူတာကို ဆံပင်ကအုပ်အုပ်လုံးလုံးကောက်ကောက်လေးတွေ မျက်လုံးကြီးကြီးဝိုင်းဝိုင်းနဲ့ တကယ်ကျားပေါက်နဲ့တူတာကို..."
Jimin ပြောမှ Jungkook ပါ ကောင်လေးကို သတိထားကြည့်မိရင်း အားလုံးကပါ ဟုတ်သားပဲဆိုတဲ့အကြည့်တွေနဲ့....
Hobi က
"Jungkook မင်း သွားရင် ကလေးကိုထားခဲ့မှာလား တစ်ယောက်ထဲ"
Namjoon Hyg က
"တကယ်လို့ တစ်ယောက်ထဲမထားခဲ့ချင်ရင် ငါနဲ့ Jinnie နဲ့နေတဲ့အိမ်ကို လာပို့ထားလေ"
"အာ ဘယ်ဖြစ်မလည်း မင်လေးတို့အိမ်မှာခေါ်ထားမှာပေါ့ Joon Hyg ရဲ့အချစ်က ဒီလောက်လက်သံပြောင်တာ ကလေးကိုရိုက်နေရင် ဘယ်လိုလုပ်မလည်း"
"ဒေါက်..."
"အ့ Jin Hyg..."
Jimin စကားအဆုံး Jin က ဒေါက်ခနဲ Jimin ခေါင်းကိုခေါက်လိုက်တာကြောင့် နာသွားတဲ့ခေါင်းအား လက်လေးနဲ့ပွတ်ကာ အော်မိတော့သည်...
"တွေ့လား အဲ့တာကြောင့် Tae လေးက Hyg တို့နဲ့လာနေနော်"
Hobi က
"Jimin ကလည်း မင်းတို့လင်လင်တွေကြား ကလေးက ဘာလိုက်လုပ်ရမှာလည်း နေမယ့်နေ ငါ့လိုတစ်ကိုယ်တည်းသမားနဲ့နေတာမှ နားအေးရဦးမယ်"
Tae လေးမှာတော့ စကားအလွန်ပြောနိုင်တဲ့ အဖွဲ့အားကြည့်ကာ ဘာမှတောင်ဝင်မပြောမိ ...Jungkook ပါ သူ့ကောင်တွေကိုအံ့သြနေရသည်အထိ...သူ့ဘော်ဒါတွေကအကုန်စိတ်ရင်းကောင်းကြတာမှန်ပေမယ့် ဒီလောက်ကြီးအထိ လူကိုလုစောင့်ရှောက်ပေးချင်တဲ့အထိလို့တော့ မသိခဲ့ပေ...
ESTÁS LEYENDO
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-4
Comenzar desde el principio
