"မင်းတို့က ဘယ်ကနေ ဘယ်လိုလုပ် ငါးယောက်လုံးဆုံပြီးရောက်လာကြတာလည်း"
"မင်းက America မှာ ဖျော်ဖြေပွဲလုပ်မှာဆိုတော့ ဂုဏ်ပြုပေးမလို့လာတာပေါ့ကွာ ဒါနက် ဒီကိစ္စလေးကိုရှင်းပြပါဦး "
Jimin ကပြောရင်း Tae ဘက်ကိုမေးငေါ့ပြသည်...Jungkook က သက်ပြင်းချကာ
"ဒါကဒီလို......"
Jungkook အလုံးစုံရှင်းပြပြီးတော့မှ အားလုံးက Tae ကိုဂရုဏာမျက်ဝန်းတို့နဲ့ကြည့်လာရင်း
"အတိတ်မေ့နေတာတဲ့လားကလေးရယ်"
"ဖြစ်ရလေကလေးရယ်"
Jungkook က သေမလိုမျက်နှာလေးတွေနဲ့ ကောက်လေးကို တကလေးထဲကလေးနေသော Jin Hyg , Jimin နဲ့ Hobi တို့ကိုကြည့်ကာ
"ဘာ ကလေး..."
"ဟုတ်တယ်လေ ငါတို့အဖွဲ့ထဲမှာ အငယ်ဆုံးမင်းထက်တောင် Tae လေးကငယ်တယ်မလား ကလေးမဟုတ်လို့လူကြီးလား"
ပက်ခနဲပြန်ပြောသော Jin Hyg ပါးစပ်ကြောင့် Jungkook က မဲ့ပြသည်...Namjoon Hyg ကတော့ သူ့ချစ်သူဘာပြောပြောတပြုံးပြုံးနှင့်သာ...
Yoongi Hyg က
"အာ့ဆို Tae သတိရတဲ့အထိ Jungkookie က ခေါ်ထားမှာပေါ့ Jungkook ခေါ်ထားတဲ့အချိန်လည်း Tae ကဘယ်မှမထွက်ရဘူးပေါ့"
Tae က Jungkook မျက်နှာကိုလှမ်းကြည့်လာသည်...Jungkook မစဉ်းစားမိ..ဟုတ်သားပဲ ဒီနှစ်ပတ်လုံးကောင်လေးမှာ သူ့အိမ်ထဲကနေဘယ်မှမထွက်ရပေ....သူဘာမှမပြောပေမယ့် ကောင်လေးက အလိုက်တသိနေပေးပုံရသည်...သူ့ကိုဘာမှမပူဆာ..
"ဟုတ်သားပဲ ကိုကိုပြောမှ မင်လေးစဉ်းစားမိတယ် ကလေးပျင်းနေမှာပေါ့နော်"
Jimin က သူ့ချစ်ချစ် Yoongi Hyg ဘက်လှည့်ကာပြောရင်း တစ်ဆက်တည်း Tae ကိုမေးလာသည်..Tae အလျင်အမြန်ခေါင်းရမ်းရင်း
"ဟင့်အင်း ပျင်းပါဘူး ကျွန်တော် ဒေါ်ကြီးတို့ကိုကူလုပ်လိုက် မုန့်စားလိုက်နဲ့ ပျော်ပါတယ် ဟီး"
Tae စကားကို စိတ်ဝင်တစားနားထောင်ပေးကြရင်း စကားအဆုံးရယ်ပြလိုက်သော ကောင်လေးကြောင့် အားလုံးကပိုချစ်ခင်သွားမိရသည်...အကြောင်းမှာ ချစ်စဖွယ် Boxy Smile လေးကြောင့်ပင်ဖြစ်သည်..
VOCÊ ESTÁ LENDO
💜 I'm Your' Fan 💜(Completed)
Fanficဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-4
Começar do início
