"တီတောင်"

"အယ် Jungkook လားမသိဘူး ပြန်လာတာစောလှချည်လား"

Tae ကိုယ့်ဘာသာစဉ်းစားနေရင်း တံခါးသွားဖွင့်မိတော့ Jungkook မဟုတ် အစ်ကိုချောချောငါးယောက်ကိုသာမြင်ရသည်....

"Surprise...."

"ဟင်....."

Hobi က အသံပြဲနဲ့အော်ပြီးမှ တံခါးဖွင့်တဲ့သူကိုကြည့်မိကာ ဟင်ခနဲရယ်...

Namjoon တို့အတွဲနဲ့ Jimin တို့အတွဲလည်း ကြောင်သွားကာ လက်ထဲက ပန်းစည်းတွေကိုင်ရင်းနဲ့တောင့်တောင့်ကြီးတွေရပ်လို့နေသည်....

"ဟို ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ"

"Jungkook"

"ဒါနဲ့မင်းကဘယ်သူလည်း Hyg တို့က Jungkook သူငယ်ချင်းတွေပါ "

"အော် ဝင်..ဝင်ကြပါဦး အခု Jungkook မရှိသေးဘူးရယ် "

ဧည့်ခန်းထဲအားလုံးရောက်တော့မှ တစ်ယောက်တည်းနေတဲ့ Jungkook အိမ်မှာ ဘာလို့ကောင်လေးတစ်ယောက်ရောက်နေတာလဲဆိုပြီး မျက်လုံးတွေကသိချင်စိတ်တွေနဲ့ငါးယောက်လုံး ဘလင်းဘလင်းဖြစ်နေသည်...

Tae လည်း မိမိနဲ့မသိတဲ့လူချောငါးယောက်ကြောင့် နေရခက်တာနဲ့ မီးဖိုထဲသွားကာ သောက်စရာယူပေးရင်း Jungkook ဆီ ph လှမ်းဆက်ရသည်....

Jungkook လည်း ph ဝင်လာတာက ကောင်လေးနံပါတ်ဖြစ်တာကြောင့် အလုပ်ရှုပ်နေတာကိုပင်ခနထားတာ ကိုင်လိုက်တော့ တစ်ဖက်ကကောင်လေးစကားကြောင့် မျက်ဝန်းတို့ပင်ပြူးကာ ချက်ချင်းအိမ်ပြန်ဖို့ပြင်ရသည်...

အဲ့ငါးကောင်ကတကယ်မလွယ် ကောင်လေးကိုမဟုတ်တာတွေမေးနေမှဒုက္ခရယ်.....

Jungkook စိတ်ပူနေတဲ့ကိစ္စကိုတော့ ဟိုငါးယောက်က ထုတ်မေးနေပါပြီလေ..

"Jungkook ကောင်လေးလားဟင်"

"ဘယ်ကတည်းကရင်း တွဲနေတာလည်း"

"Jungkook နဲ့ဘယ်မှာဆုံကြတာလည်း"

Tae ကိုထိုင်ခိုင်းကာ တစ်ယောက်တစ်ပေါက်မေးနေကြသော Jungkook သူငယ်ချင်းတွေကြောင့် Tae ဘယ်ကစပြောရမှန်းပင်မသိပါချေ...ထိုစဉ် Jungkook ဝင်လာတာကြောင့် Tae မျက်နှာလေးပြုံးယောင်သမ်းသွားရသည်....Hobi ကတောင် ငေးခနဲဖြစ်သွားသေးသည်...

💜 I'm Your' Fan 💜(Completed)Where stories live. Discover now