"အလုပ်တွေပုံနေလို့ နားချင်လို့ပေါ့ဗျာ ဒီလထဲတစ်ရက်မှမနားရသေးဘူး PD ကိုပြောပေးပါလား Hyg ကျွန်တော့်ကို တအားခိုင်းမစားပါနဲ့လို့ "

"ဟား ဟား ဖြစ်ရမယ် အလုပ်သရဲကတော့ "

"သွားမယ် Hyg ရေ အကဆရာလာတော့မှာ ..."

"အင်း မင်းသွားနှင့် မင်းအတွက်နေ့လည်စာပြင်ဦးမယ်"

"....."

ခေါင်းညိမ့်ပြီး ထွက်သွားတဲ့ Jungkook အားကြည့်ကာ Eunhan ပြုံးလိုက်မိသည်...ဒီကောင်လေးက နာမည်ကျော် Idol သာဖြစ်တာ မာန်မာနမရှိ...အလုပ်လုပ်တဲ့အခါ တိကျသေချာပြီး ပြတ်သားတာကလွဲရင် ကျန်အချိန်တွေဆို တကယ်ကလေးတစ်ယောက်လိုဖြူစင်သည်...

ဒါကလည်း Eunhan မလို့သာ Jungkook ရဲ့ဒီလိုပုံစံကိုမြင်ရတာပဲဖြစ်သည်...Jungkook ဆိုတာ ဘယ်သူမှတ်လို့ သူ့ညီတစ်ဝမ်းကွဲလေ....ငယ်ကတည်းကရင်း အမေဆုံးတာကြောင့် မိခင်မေတ္တာငတ်တဲ့ကလေးက ဆိုးသွမ်းတာမျိုးမရှိ ဖခင်ဖြစ်သူရဲ့ထိန်းကျောင်းမှုအောက်မှာပင် လိမ္မာရေးခြားရှိခဲ့သည်...

Sky လုပ်ငန်းစုကို ဆက်ခံဖို့ ဖခင်ကပြောလာတော့ အဆိုတော်ဖြစ်ချင်တဲ့ Jungkook က ပြတ်ပြတ်သားသားငြင်းခဲ့သည်...သူဝါသနာပါရာကိုလုပ်ချင်ခဲ့တဲ့ Jungkook က တစ်သက်လုံးသားလိမ္မာဘဝကနေ ဒီတစ်ချက်ထဲနဲ့ ဖခင်ရဲ့စိတ်ဆိုးမှုကြောင့် အိမ်ပေါ်ကဆင်းလာတာ နှစ်ချီနေပြီဖြစ်သည်...

အဆိုတော်လုပ်ဖို့သဘောမတူတဲ့ ဖခင်နဲ့ အဆိုတော်သာလုပ်ချင်တဲ့ Jungkook ရဲ့ဆက်ဆံရေးကတော့ အဆင်မပြေတော့ပေ...Eunhan ရဲ့အမေနဲ့ Jungkook အဖေနဲ့က မောင်နှမအရင်း ...

အခုလည်း မေမေ့ကောင်းမှုနဲ့ Eunhan က ညီငယ်အနား Manager လုပ်နေရခြင်းဖြစ်သည်...သူတို့ညီအစ်ကိုတော်စပ်တာကိုတော့ ဘယ်သူမှမသိ...Idol ဆိုတော့ ကိုယ်ရေးကိုယ်တာတွေအကုန်မပေါက်ကြားဖို့လုပ်ရသည်...ယုတ်ဆွအဆုံး Jungkook က Sky လုပ်ငန်းစုရဲ့ တစ်ဦးတည်းသောသားဆိုတာလည်း ဘယ်သူမှမသိပေ...

Eunhan ကိုတောင် Ent က ဝန်ထမ်းတွေအရှေ့ဆို Manager Hyg လို့သာခေါ်သည်...နှစ်ယောက်ထဲရှိနေမှ Hyg လို့ခေါ်တတ်သည်....

"အာ..."

Eunhan စဉ်းစားနေရင်း Jungkook အတွက်နေ့လည်စာမှာဖို့ သတိရသည်...နောက်ကျရင် ညီငယ်ဆီမှာ အဆူခံရမှာမို့ မဖြစ်ပေ..Jeon Jungkook က နောက်ကျရင် အမျိုးတွေဘာတွေတွေးတတ်သူမဟုတ်...ဒေါသထွက်တတ်လေသည်...ချစ်သူမြန်မြန်ထားပြီး မိန်းမမြန်မြန်ယူမှ ဒီကောင့်နောက်လိုက်ရတဲ့ဘဝကလွတ်မှာရယ်...

💜 I'm Your' Fan 💜(Completed)Where stories live. Discover now