"ဟုတ်အဒေါ်ကြီး"
"ဟိုလေ Tae မေးစရာတစ်ခုရှိလို့ "
"မေးလေ ကလေးရဲ့"
"Jungkook က ဘာအလုပ်လုပ်တာလည်းဟင်"
"Kookie လေးက အဆိုတော်လေ Tae လေးကမသိဘူးမလား သူက အားတဲ့ရက်ရယ်လို့မရှိဘူးကွယ် အမြဲအလုပ်ရှုတ်နေတာ မနက်စာစားပြီးထွက်သွားရင် အမြဲနောက်ကျမှပြန်လာရတာ ညစာဆိုမချက်ရဘူး "
"ဟင် ဟုတ်လား မစားဘူးပေါ့"
"နောက်ကျတော့ ဒေါ်ကြီးတို့ကို မစောင့်ခိုင်းတော့တာလေ "
"Aww ဟုတ်"
"TaeTae စားချင်တာပြောလေ ဒေါ်ကြီးချက်ပေးခဲ့မယ် ဒေါ်ကြီးတို့က ညနေဆိုပြန်ရပြီ"
"ဟုတ် ဒေါ်ကြီး"
လေးထောင့်ဆန်ဆန်အပြုံးလေးနဲ့အမြဲပြုံးပြနေတတ်တဲ့ ထိုကလေးအား ချစ်ခင်မိသည်..သူမက Kookie ရဲ့ငယ်ထိန်းဆိုတော့ Kookie လေးအထီးကျန်မှုတွေကို နားလည်မိသည်..
သူငယ်ချင်းတွေတောင် အိမ်မှာ ညခေါ်သိပ်လေ့မရှိတဲ့ကလေးက အခုခေါ်လာတော့ ချစ်စဖွယ်ကောင်လေးလေးတစ်ယောက် ..သူမဝမ်းသာမိသည်..TaeTae ဟာ Kookie အတွက်အဖော်ပြုပေးနိုင်မယ့် သူလေးဖြစ်လာမှာမဟုတ်လား....
...................
"Jungkook"
"Hyg... ကောင်လေးကိုအဝတ်အစားတွေပို့ပေးခဲ့ပြီလား"
"ပြီးပါပြီကွာ ငါ့မှာ Shopping Mall ထဲပတ်ရတာလွယ်တယ်များမထင်နဲ့ မင်း Schedule တွေရှိတော့ အပြေးလာရတာ"
စကားပြောရင်းမောနေတဲ့ Jungkook Manager Hyg က စားပွဲပေါ်က ရေခွက်ကိုတစ်ကျိုက်တည်းမော့သောက်ရင်း
"America ကိုသွားဖို့အားလုံးပြင်ပြီးပြီ Concert က တစ်ရက်ရယ် Stage ပေါ်မှာအစမ်းကျင့်ဖို့တစ်ရက်ရယ်နဲ့ ကြိုသွားမှာနဲ့ဆိုတော့ 4 ရက်ယူလိုက်တယ် 3 ညအိပ်ပေါ့"
"အွန်း..."
"Hyg...ညအတွက်အချိန်ပိုရှိလား"
"မရှိဘူး မင်းအသံသွင်းရဦးမှာ ည ၁၀ နာရီလောက်ပြီးမယ်လို့ မှန်းထားတယ်"
"ဟူးး..."
"ဘာလည်း ဘာလို့သက်ပြင်းချနေတာလည်း..."
ВЫ ЧИТАЕТЕ
💜 I'm Your' Fan 💜(Completed)
Фанфикшнဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-3
Начните с самого начала
