"ဟင်..."

"အော် Sorry...မင်းကိုပြောပြမလို့ မင်းကငါတို့နိုင်ငံကမဟုတ်ဘူး...မြန်မာနိုင်ငံကလို့သိရတယ်..မင်းအတိတ်မေ့နေလို့မမှတ်မိတာ..တစ်ခုခုစဉ်းစားမိတာရှိရင် ငါ့ကိုပြောပြနော်"

"ဟုတ် ဒါနဲ့ ဘာလို့ မြန်မာဟင်းလို့ထင်တာလည်းဟင်"

"ချက်ပုံတွေကမတူဘူး...မင်းဟင်းတွေက အဆီများပြီး အရောင်တွေပါတယ်လေ ငရုတ်သီးတွေလည်းပါပုံပဲ"

"အာ ဟုတ်...ဒါနဲ့ Jungkook Shi က အစပ်မစားဘူးလားဟင်"

"စားပါတယ်"

"တော်သေးတာပေါ့ ဒါဆို ကျွန်တော်ချက်ထားတာလေးတွေစားကြည့်ပါဦး"

စကားအဆုံးကောင်လေးထည့်ပေးလာတဲ့ဟင်းကြောင့် Jungkook တူလေးနဲ့ညှပ်ယူကာ မြည်းကြည့်လိုက်ရင်း...

"အရသာရှိသားပဲ...အနံ့လေးလည်းမွှေးတယ်..."

"ဟီး ကြိုက်ရင်များများစားနော်"

Jungkook နောက်တစ်လုပ်ထပ်စားရင်း

"ဒါက ဘာဟင်းလို့ခေါ်တာလည်းဟင်"

"ကုန်းဘောင်ကြော် ဝက်သားနဲ့လုပ်ထားတာဆိုတော့ ဝက်ကုန်းဘောင် ကြက်သားနဲ့လုပ်ရင် ကြက်ကုန်းဘောင်ပေါ့"

Jungkook ခေါင်းညိမ့်ထောက်ခံရင်း အခြားဟင်းတွေပါစားကြည့်တော့ အကုန်အရသာရှိနေလေသည်..

ပြုံးနေတဲ့ကောင်လေးက ကလေးငယ်သဖွယ်ဖြူစင်လှသည်...

"ကောင်လေး ကျေးဇူးပါ...ဒီလိုအရသာရှိတာတွေ ချက်ပေးခဲ့လို့..."

"အာ ရပါတယ်...နောက်လည်းကျွန်တော်ချက်ကျွေးမယ်လေ "

"နေပါစေ မင်းပင်ပန်းမှာပေါ့ နေမကောင်းတာကို နားနားနေနေနေပါ လိုအပ်တာရှိရင် ကိုယ့်ကိုပြော ဒီနေ့မင်းဝတ်ဖို့အဝတ်အစားကို Manager Hyg ဝယ်ပြီးလာပို့လိမ့်မယ်နော် "

"ဟုတ်..."

Jungkook  ထွက်သွားတော့မှ Tae သန့်ရှင်းရေးလုပ်နေတဲ့ အဒေါ်ကြီးနားသွားကာ

"အဒေါ်ကြီး"

"အော် TaeTae လား Jungkook ပြောပြထားတဲ့ကောင်လေးလား"

💜 I'm Your' Fan 💜(Completed)Where stories live. Discover now