အခန်း(၃၃)

18.3K 1.6K 50
                                    


{Unicode}

စုန့်ယွမ်ရှဲန်နှင့် ဖန်းကျိုးမူတို့သည် အချိန်ရရင် ရသလောက် ချစ်ကြည်နူးကြသည်။

စုန့်ယွမ်ရှဲန်က ထုတ်ဖော် မပြောသော်လည်း သူ ရှိနေစဥ် အချိန်ခဏလေးမှာပင် ဖန်းကျိုးမူ အတွက် အကောင်းဆုံးအချိန်လေးတွေ ဖန်တီးပေးချင်မှန်း သူ နားလည်သည်။ စုန့်ယွမ်ရှဲန်သည် A မြို့၏ ယာဥ်စီးကဒ်ကိုပင် ဝယ်ထားပြီဖြစ်သည်။ သူ့အဖေ၏ ကုမ္ပဏီကို နေ့ခင်းတွင် သွားလေ့လာပြီး ညဘက်ကျတော့ ဖန်းကျိုးမူကို လာကြိုသည်။ သူတို့ကျောင်းနားက ဆိုင်တစ်ခုခုမှာ ညစာဝင်စားပြီးလျင် ဖန်းကျိုးမူကို အိမ်အထိ ပြန်ပို့ပေးပြီးမှ သူ့အိမ်ကို ပြန်သည်။

ဖန်းကျိုးမူ၏ မိဘတွေ အိမ်မှာမရှိသည့် ရက်မျိုးဆိုလျင်တော့ ညပါ အိပ်သွားတတ်သည်။

လွန်ခဲ့သည့် နှစ်ဝက်ကျော်ကျော် အချိန်တုန်းကဆိုလျင် ဖန်းကျိုးမူကို သဘောမကျခဲ့သည့် စုန့်ယွမ်ရှဲန်လိုလူက အခုတော့ဖြင့် ဖန်းကျိုးမူအနား ရှိချင်သည့် စိတ်တစ်ခုအတွက်နှင့်ပင် ညခုနစ်နာရီထိုးတိုင်း A မြို့၏ လူတွေရှုပ်ထွေးလှသည့် ဂိတ်သုံးခုကို ဖြတ်ပြီး ဖန်းကျိုးမူ၏ ဓာတ်ခွဲခန်းအထိ လာကြို၊ ပြီးရင် အိမ်တစ်ခါ ပြန်ပို့ပေးသည့်အလုပ်ကို မပျက်မကွက် ထမ်းဆောင်လို့နေသည်။

စုန့်ယွမ်ရှဲန် ပထမဆုံးအကြိမ် ဓာတ်ခွဲခန်းကို ရောက်သည့်အချိန်တွင် လီဝေ့ပါ ရှိနေသည်။

သူ့ စီနီယာ တစ်ယောက်ဆီကနေ ပစ္စည်းတွေ လာငှားတာဖြစ်ပြီး ဝင်ပေါက်နားလေးတွင် ရပ်ကာ စကားပြောနေကြသည်။ စုန့်ယွမ်ရှဲန်ကို တွေ့လိုက်ရချိန်တွင် လီဝေ့သည် အနည်းငယ် အံ့သြသင့်သွားသည်။ လီဝေ့က နှုတ်ဆက်လာတာကြောင့် စုန့်ယွမ်ရှဲန်က ခေါင်းတစ်ချက် ညိတ်ပြသည်။ သူ ဒီကို ရောက်နေရသည့် အကြောင်းအရင်းကို လီဝေ့ မေးလာချိန်တွင် စုန့်ယွမ်ရှဲန်၏ အကြည့်များက သူ့နောက်ကျောဘက်ကို ရောက်သွားသည်။ စုန့်ယွမ်ရှဲန် အကြည့်တွေ သွားရာဘက်တွင် ဖန်းကျိုးမူကို တွေ့လိုက်ရတာကြောင့် ဖန်းကျိုးမူဆီ လာတာမှန်း သိသွားသည်။

အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}Where stories live. Discover now